Chapter-45(ကျွန်တော် ဒီမှါ)

8.2K 1.3K 12
                                    

Unicode❤️❤️

(ကျွန်တော်ဒီမှါ)

"ခင်ဗျား ညီမကို ကျွန်တော်ကောင်းကောင်းမွန်မွန်မနေရင် အစားမှမကျွေးတာ.. အဲ့တော့ ဒီအခန်းထဲမှာပဲ ကောင်းကောင်းနေရတာလေ... အခုတော့ လွှတ်အုံး.. ကျွန်တော့်ဗိုက်ကိုဖိထားတာ နေလို့မကောင်းဘူး"
ကျန်းရှန် တွန့်ဆုတ်စွာပြောလိုက်သည်။

ဖေးစစ်ရန်ကိုစိတ်အနှောင့်အယှက်ဖြစ်စေအောင်ပင် ကျန်းရှန်ကို လန်ဟွမ် လို့မြင်နေရခြင်းကြောင့်ဖြစ်သည်။

"အဲ့တော့.. ကိုယ့်ကိုကိုယ်သတ်သေဖို့ ထပ်မကြိုးစားတော့ဘူးလား"

ဖေးစစ်ရန် ကျန်းရှန်အား လွှတ်ပေးခြင်းမရိှပဲ မေးလိုက်သည်။ ကျန်းရှန်အား နူးညံ့မှုတို့အပြည့်အဝပါဝင်သော မျက်လုံးတို့ဖြင့်ကြည့်ပြီး ဖေးစစ်ရန်၏ မျက်နှာထက်တွင် နူးညံ့သောအပြုံးတစ်ခုပေါ်လာသည္။ လက်တစ်ဖက်ဖြင့် ကျန်းရှန်အား ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ကျန်းရှန်အအေးမမိစေရန် အင်္ကျီကော်လံစအား ဆွဲသိမ်းပေးလိုက်သည်။

သို့ပေမဲ့လည်း ဖေးစစ်ရန်လုပ်လိုက်တဲ့ ကြင်နာမှုနှင့် နွေးထွေးမှုတို့က ကျန်းရှန်ကိုပို၍ ခံစားချက်ဆိုးဝါးစေသည်။

'တောက်! ငါ့ကို အဲ့လိုမကြည့်စမ်းနဲ့.. ငါ သူ့ရဲ့မိန်းမမဟုတ်ဘူး... သေစမ်း.. သူငါ့ကို အဲ့လိုပုံစံနဲ့ကြည့်လိုက်တိုင်း ငါသူ့ကို မုန်းလို့မရတော့ဘူး'

ဒါကလည်း ဖေးစစ်ရန်အပေါ်အရင်က တစ်ဖက်သတ်စိတ်ဝင်စားမှုရိှခဲ့ပြီး အခုချိန်မှာ သူနဲ့အတူ နေခွင့်ရလို့ဖြစ်နိုက်သည်။ ကျန်းရှန် သူ့နှလံူးသားကို သူကိုယ်တိုင်မထိန်းချုပ်နိုင်ဖြစ်လာသည်။ သူကိုယ်တိုင် တခြားလူတစ်ယောက်ကဲ့သို့ ခံစားလာမိသည်။

'စိတ်လျော့စမ်း ကျန်းရှန်... မင်း စိတ်ညစ်ရလိမ့်မယ်.. သူက သူ့ဇနီးအဖြစ် မြင်ယောင်နေတာ သူ့ရဲ့ နူးညံ့မှုတွေကြောင့် မင်းကြွေဆင်းလို့မဖြစ်ဘူး'

ကျန်းရှန် သက်ပြင်းရှည်ချကာ သူ့ကိုယ်သူ စိတ်လျော့ပြီး ဖေးစစ်ရန်နဲ့ ခပ်ခွါခွါနေရန်သတိပေးလိုက်သည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Waar verhalen tot leven komen. Ontdek het nu