P-8
"ဟူး....''
"ဘာမှမကြောက်ပါနဲ့ အရှေ့ကိုသာရဲရဲသွားပါ.....''
"စစ်ကျွေး ငါသာဒီနေရာမှာသေသွါးခဲ့ရင်ဘာဖြစ်မှာလဲ.....''
"မသေလောက်ပါဘူး သခင်လေးကိုသူတို့ရွေးချယ်ပါလိမ့်မယ်....''
"အွန် ငါလုပ်နိုင်မှာပါ.....''
သက်ပြင်းရှည်ချပီး အရဲစွန့်ကာ မှောင်မဲနေတဲ့အဆောင်ထဲကိုဝင်လိုက်သည် စစ်ကျွေးတို့ကော အစောင့်တွေအားလုံးကအပြင်ကိုမှာစောင့်နေကြသည်
"ဟဲလို....တွေ့ရတာဝမ်းသာပါတယ်....ငါကမငိးတို့ကိုနှောင့်ယှက်ဖို့မဟူတ်ပါဘူး....မိတ်ဖွဲ့ရုံလေးပါ.....''
တစ်ဆောင်လုံးကတိတိဆိတ်နေသည်ကပိုကြောက်ဖို့ကောင်းသည် တစ်ချက်တစ်ချက်တိုးဝှေ့လိုက်တဲ့လေညင်းတွေကလဲ အရိုးထဲထိကိုအီစိမ့်အောင်ချမ်းလွန်းလှသည်
"အိုကေ မင်းတို့ငါ့ကိုမကြိုက်ကြဘူးထင်တယ်.အဟဲဟဲ ငါထွက်သွားပေးပါ့မယ်.....''
ကျနော်ထွက်ဖို့ပြင်နေတုန်းစစ်ကျွေးကမြင်တာကြောင့်အစောင့်နှစ်ယောက်ကိုတံခါးအမြန်ပိတ်ရန်အချက်ပြနေသည် မဟုတ်မှလွဲရော ကျနော့ကိုဒီထဲမှာထားဖို့များစဉ်းစားနေသည်လားမသိ မဖြစ်ပေ ကျနော်အမြန်ထွက်ဖို့ပြင်မှရမည် တံခါးဆီကိုအမြန်ပြေးသွားပေမယ့်နောက်ကျသွားခဲ့ပီလေ
အခုချိန်မှာတိတ်ဆိတ်နေတဲ့ဒိအခန်းရယ်ကျနော်ရယ်ဘဲကျန်သည်ခဏကြာတော့ အဆောင်ရဲ့တစ်နေရာကိုလရောင်လေးဖြာကျလာသည် နံရံမှာကတော့ အရင်ကအုပ်ချုပ်ခဲ့တဲ့ ဘုရင်တွေရဲ့ပုံတူပန်းချီတွေကိုချိတ်ဆွဲထားသည် ပီးတော့ ပုံတိုင်းမှာလဲ သူတို့စီးတော်မြင်းကပုံတိုင်းပါသည်
"တကယ်ဘဲအဖိုးပြောတာ ဒီကမြင်းတွေက သူတို့ကိုရွေးချယ်ခဲ့တာလား......''
ကျနော်ရှေ့ကိုဆက်သွားကြည့်မိသည်
ဒါကကျနော့ရဲ့ပါးနဲ့မားလား ပီးတော့သူတို့လက်ထဲက ကလေးလေးကကျနော်လား ကျနော်ထိုပုံတူပန်းချီးကားလေးကိုအချိန်ကြာမြင့်စွာကြည့်ပီးထိကြည့်ဖို့အတွက်ရှေ့ကိုတိုးလိုက်သည်
သို့သော်အရာမထင်ထိုနံရံကအနောက်ကိုရွေ့သွားတာကြောင့်ဖြစ်သည်
ကျနော်လဲထိုနေရာမှာထွက်လာခဲ့လိုက်သည်
ကျနော်နည်းနည်းလျှောက်ပီးတာနဲ့ တောအုပ်လိုနေရာမျိုးကိုတွေ့ရသည် တောအုပ်ဆိုပေမဲ့အရမ်းကြီးကြောက်စရာတော့ကောင်းမနေပါ
ထူးဆန်းတာကအဲ့ဒီနေရာမှာ တော်ဝင်မြင်းတွေ
ယူနီကွန်မြင်းတွေကိုသာတွေ့ရသည်
အဖိုးပြောတာတော့ သူတို့ကကျနော့ကိုရွေးချယ်လိမ့်မယ်တဲ့ ကျနော်လဲရှေ့ကိုသာဆက်လျှောက်နေမိသည်သို့သော် တော်ဝင်မြင်းတွေကကျနော့ကိုမြင်သည်နှင့်ကျနော့အဝေးကိုထွက်ပြေးကုန်ကြသည်
YOU ARE READING
တော်ဝင်ပန်း
Fanfiction(Intro) မြေပြင်ထက်မှာတရွေ့ရွေ့ပြေးလွှားနေတဲ့မြင်းဖြူလေးပေါ်မှာ စီးချက်ညီစွာ စီးနေတဲ့မြင်းဖြူပိုင်ရှင်လေးကိုကျနော်အမြဲတမ်းစောင့်ကြည့်နေမိသည် နေ့တိုင်းတစ်ရက်မှမပျက်ကွက်ဘဲနေ့တိုင်းဒီနေရာလေးကိုလာမိသည် လာမိတိုင်းလဲမြင်းဖြူပိုင်ရှင်လေးကိုသာအမြဲကြည့်နေမိသည်...