Holloween Special

Start from the beginning
                                    

" ချုံချင် ချုံချင် resort ဟုတ်လား ''

" ဟုတ်တယ်လေဟန်ကောအဲ့ရင်ကဟန်ကောတို့ ကိုင်ဖူးတဲ့ပရောဂျက် ''

" ဘယ်သူက ဘယ်သူကကိုင်မှာလဲဘယ်အဖွဲ့ကလဲ ''

" ရုံးပိုင်းထဲကပဲမဆုံးဖြတ်ရသေးဘူး ယီတို့အဖွဲ့ကလုပ်မယ်ထင်တယ် ''
ရှောင်ဟန်ချက်ချင်းပဲနေရာကထကာယီတို့အဖွဲ့ဆီကို ထွက်သွားတယ်

" မဖြစ်ဘူး လုံးဝသိလို့မဖြစ်ဘူး ''

ရှောင်ဟန်ကရုံးပိုင်းကယီတို့အဖွဲ့နဲ့ညှိပြီး ချုံချင်ကိုသွားမယ့်ပရောဂျက်မှာသူတို့အဖွဲ့နဲ့လဲ လိုက်တယ် သူ့အောက်ကလက်အောက်ဝန်ထမ်းတွေ ကတော့ချုံချင်ပရောဂျက်ကိုသူ့တို့ဆီလာပေးတယ် လို့သိထားကြပေမယ့် တကယ်တည်းတော့ရှောင်ဟန်က ယီတို့အဖွဲ့နဲ့ အသည်းသန်ဆွေးနွေးပြီး ပရောဂျက်ချင်းလဲခဲ့တာ ။

ချုံချင်ကိုစရောက်တဲ့နေ့

အခုတာဝန်ယူထားတဲ့မန်နေဂျင်းအသစ်က ရှောင်မင်အာရဲ့တစ်ဦးတည်းသောမောင်ရှောင်ရှောင်ကျန့် မန်နေဂျင်းရှောင်ကျန့်ကစံအိမ်အကြောင်းကိုမသိနိုင် အောင် ရင်းနှီးချင်ယောင်ဆောင်ပြီး တမင်လိုက်ကပ်ခဲ့ တယ် အဆိုးရွားဆုံးကတော့သူပြန်မလာချင်ခဲ့တဲ့ ဒီရှောင်စံအိမ်မှာတဖန်ပြန်နေရဖို့ဖြစ်လာတာပဲ ၊

အိမ်ထဲစဝင်လာတည်းကမကောင်းတဲ့ခံစားချက်တွေရနေပေမဲ့အမူရာကိုထိန်းကာဟန်မပြတ်ဆက်နေလိုက်တယ် မင်အာ့ကိုသတ်ခဲ့တဲ့အပေါ်ထပ်ကိုမသွားရဲတာကြောင့် သူအောက်ထပ်မှာနေဖို့စကားစကာပြောခဲ့တယ် ရှောင်ကျန့်ကျေးဇူးနဲ့အောက်ထပ်ကအခန်းမှာနေခွင့်ရသွားပြီးအခြားသူတွေနဲ့အတူဟန်မပြတ်နေနိုင်ခဲ့တယ် ။

ဒါပေမဲ့သူတွေးထားတာကအစထဲကလွဲနေတာဆိုတာ အိမ်စရောက်တည်းကသိတယ်စံအိမ်ရောက်ခါစကျန်တဲ့ သူတွေကလဲအခန်းကိုယ်စီဝင်ကာအနားယူနေကြတော့ ရှောင်ဟန်လဲ သူနေရမယ့်အခန်းထဲပစ္စည်းတွေ ချရင်းလှဲနေလိုက်တယ် သူနဲ့အခန်းတူနေကျိုးချန်ကတော့ ရောက်ကတည်းကပင်ပန်းတဲ့အရှိန်ကြောင့် အိပ်ပျော်သွားပေမယ့်သူကတော့ ဒီအိမ်ထဲမှာနေဖို့တုန်လှုပ်နေတုန်းပဲ ။

Mysterious Love ( Completed ) Where stories live. Discover now