Chapter - 2(My Daddy)

Start from the beginning
                                    

'အဲ့လူကြီး အသက်ကကြီးနေပြီ အိမ်ထောင်မကျသေးတာ ရုပ်ဆိုးလို့ပဲနေမယ်...'လို့တွေးတောလိုက်ရင်း အဝတ်အစားလဲလှယ်ကာ အပြင်ကိုထွက်လာတော့ အိမ်တော်ထိန်းဟာ အခုထိရပ်စောင့်နေသေးကာ သူကိုခေါင်းတချက်ညိတ်ပြပြီး ရှေ့ကနေအရင်ထွက်သွားသည်၊ ဒီအိမ်တော်ထိန်းက လော့ကျန်းပေ့ရဲ့ယုံကြည်ရဆုံးသူပဲ၊ဒါပေမယ့် နောက်ပိုင်းမှာ သူနဲ့ပတ်သတ်ပြီး သတင်းအစအနပေမကြားရတော့ချေ၊ အာ....လော့ကျန်းပေ့ရဲ့ချစ်သူကောင်လေး ဝင်လာပြီးနောက်ပေါ့၊...ထူးဆန်းလိုက်တာ...ဒါပေမယ့် လော့ရှန်ဟွာဟာ ရှည်ရှည်ဝေးဝေးမတွေးတောတော့ပဲ အနောက်ကနေသာလိုက်သွားပြီး အိမ်တော်ထိန်းဟာ စာကြည့်ခန်းရှေ့တွင် ရပ်တန့်သွားပြီး ညင်သာဖြည်းညင်းစွာ တံခါးကို သုံးလေးချက်ခေါက်လိုက်ပြီး...

"သခင်ကြီး... သခင်လေး ရောက်လာပြီ" လို့ ပြောလိုက်တော့ အခန်းထဲကနေ အေးစက်စက်အသံတစ်သံဟာ ထွက်ပေါ်လာတော့သည်၊

"ဝင်ခဲ့"

အိမ်တော်ထိန်းဟာ တံခါးဖွင့်လိုက်ပြီး လော့ရှန်ဟွာကို ဝင်သွားရန်မျက်နှာရိပ်ပြလိုက်သည်၊ စာကြည့်ခန်းဟာ သူလီရှန်ဟွာဘဝတုန်းက စာကြည့်ခန်းနဲ့ဆန့်ကျင်စွာ... မှောက်မဲနေပြီး မသိရင် သရဲအိမ်ထဲဝင်လိုက်ရသလို၊ အေးစက်စက်အရှိန်အဝါသည်လည်း နေရာတိုင်းမှာပင်၊ ငါတကယ်စာကြည့်ခန်းဝင်လာတာလား သရဲအိမ်မှားဝင်မိတာလား... နေရာတိုင်းမှာ စာအုပ်တွေစီထားပြီး သေသပ် သပ်ရပ်ပေမယ့် အရောင်တွေကတော့...၊ဒီလူက တကယ် စိတ္တဇသမားပဲနေမယ်၊ အနက်ရောင်သုံးလို့ အထှာကျတယ်များတွေးထင်နေလားမသိဘူး၊

"ဘာရပ်လုပ်နေတာလဲ"ခုနက ကြားလိုက်တော့ ကျောရိုးများအေးစိမ့်စေနိုင်သည့် အသံကိုထပ်မံကြားလိုက်ရပြန်တာကြောင့် အလန့်တကြားအသံလာရာကို ကြည့်လိုက်တော့...

'ဟုတ်ပြီ အပေါ်မှာ ငါပြောသမျှကို အကုန်ပြန်ရုတ်သိမ်းတယ် '

မီးရောင်မှိုန်မှိုန်အောက်မှာ တစ်ယောက်ထိုင်ဆိုဖာကို အနောက်ကိုမှီထားရင်း ခြေချိတ်ထိုင်ထားပြီး ရှပ်အင်္ကျီအနက်ရောင်ကို ကြယ်သီးသုံးဆင့်ထိ ဖြုတ်ထားသေးသည်၊ ထိုလူရဲ့ အစိမ်းရောင်သွေးကြောများနဲ့ ခမ်းနားလှပသည့်လက်တစ်စုံဟာလည်း "The master can take Hole"ခေါင်းစဉ်တပ်ထားသည့် စာအုပ်ကိုင် ကိုင်ထားသည်၊ အနက်ရောင်မျက်ဝန်းတွေက ထိုစာအုပ်ကိုသာ ပြာကျမတတ်စူးစိုက်ကြည့်နေပြီး နီညိုရောင်သန်းနေသည့် နူတ်ခမ်းပါးတစ်စုံဟာ တစ်ခုခုကို အလိုမကျသလိုတင်းတင်းစေ့ထားသေးသည်၊ ထိုလူဟာ အဖက်ဖက်ကနေ ပြည့်စုံလွန်းအားကြီးသည်၊ ရုပ်ရည်?ဥစ္စာ?ချစ်သူ ဒါတွေအားလုံးက ထိုလူအတွက် လွယ်နေသယောင်...လော့ရှန်ဟွာ ဒီလူပေါ် ရူးရူးမူးမူးဖြစ်လည်း ဖြစ်ခဲ့စရာပဲ... ၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now