ငါကAlpha

7.5K 631 28
                                        

*Unicode*

Busanရဲ့Sunshineလို့ခေါ်တဲ့မူကြိုကျောင်းလေးအတွင်း ကလေးအရွယ်ပေါင်းစုံဆော့ကစားလို့နေသည်။သို့ပေမဲ့ တစ်ယောက်တည်းကွဲထွက်နေသည့် ကလေးလေးတစ်ယောက်လည်းရှိနေသည်။

အုန်းမူတ်ခွက်ဆံပင်ကေလေးရယ်သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့အသွင်အပြင်တို့နှင့်အတူမျက်လုံးဝိုင်းဝိုင်းလေးများရှိသည့်ကောင်လေးတစ်ယောက်ကတော့ တခြားကလေးတွေဆော့နေတာကို ထိုင်ကြည့်နေသည်။

"ဂျီမင်းလေး သူငယ်ချင်းတွေရနေပြီလား"
ဒီမူကြိုကိုမနေ့ကမှရောက်တဲ့ ဂျီမင်း လို့ခေါ်တဲ့ကောင်လေးကို ဆရာမကသူငယ်ချင်းမရမှာစိတ်ပူနေတဲ့ပုံပေါ်သည်။အဝေးကကြည့်နေတဲ့ကောင်လေးကတော့ အသက်အရွယ်နဲ့မလိုက်အောင် အခြေအနေအရိပ်အကဲ အကဲခတ်တော်လွန်းလှတယ်။

"ဟုတ်ကဲ့ ဆရာမ သားသွားဆော့လို့ရပြီလားဟင်"

"အေးပါကွယ် သွားသွား"
ဆရာမလည်း ဒန်းလေးပေါ်မှာထိုင်နေတဲ့ကလေးလေးပေါ်ကိုအာရုံရောက်သွားသည်။လွန်ခဲ့တဲ့တစ်နှစ်တည်းကအမြဲ ဒီကလေးကဒီလိုပဲ တခြားသူတွေနဲ့ ရောရောနှောနှောမနေတဲ့အပြင် အခုလိုပဲအဝေးကနေပဲထိုင်ထိုင်ကြည့်နေကျ။

"ဂျောင်ဂု ထုံးစံအတိုင်းပဲလား"

"ဟုတ်ကဲ့ ဆရာမ"

"သား မဆော့ချင်ဘူးလား"

"သူတို့ကိုကြည့်နေရတာနဲ့တင် သားကပျော်ပါတယ်"

"အဲ့လိုမဟုတ်ဘူးလေသားရယ် သားကခုမှငါးနှစ်အရွယ်ပဲရှိသေးတာတခြားကလေးတွေနဲ့လည်းဆော့အုန်းမှပေါ့"

"သားလည်းဆော့ချင်ပါတယ် ဒါပေမဲ့သူတို့နားကရတဲ့အနံ့တွေကသားကိုခေါင်းမူးစေတယ်"
စာသင်တဲ့အချိန်ဆိုအမြဲ mask တပ်ထားတဲ့ဂျောင်ဂုကို အမြဲသတိထားမိပါတယ်။Alphaတွေထဲမှာမှဂျောင်ဂုကRoyal Alphaဆိုဆော့လည်း ဒီအရွယ်တည်းကတခြားသူတွေရဲ့pheromonesတွေကိုခွဲခြားတတ်နေပြီပဲ။
တော်ဝင်သွေးပါတဲ့Alphaတွေဟာအလွန်အလွန်ရှားပါးပြီး Omegaverseထဲမှာအင်အားအကြီးဆုံးသူများဖြစ်ကြသည်။

"ဒါဆိုဆရာမ သွားနားတော့မယ်နော်"

"ဟုတ်ကဲ့ဆရာမ"
မျက်လုံးမှေးမှေး နှုတ်ခမ်းဖူးဖူးနဲ့ကောင်လေးထံမှအကြည့်များရွှေ့မရ။မနေ့ကမှရောက်လာတဲ့အသစ်လေးဖြစ်သော်လည်း တခြားသူတွေနဲ့ အံ့ဝင်ခွင်ကျဆက်ဆံနိုင်သည်။ထိုကောင်လေးနဲ့သူငယ်ချင်းဖြစ်ချင်စိတ်များ တဖွာဖွားပေါ်လို့လာတယ်။အတွေးလွန်နေချိန်မှာပဲ သူ့ရှေ့မှောက်မှရောက်ရှိလာတဲ့ခြေတစ်စုံကြောင့် အမြန်မော့ကြည့်လိုက်တယ်။

I Bully My ALPHAWhere stories live. Discover now