"ထယ်လေးဘာတွေလုပ်နေတာလဲဘယ်သွားမလို့လဲ"

ဖွားဖွားကလေသံအေးအေးလေးနဲ့မေးနေတာဖြစ်ပေမယ့်သွားမယ့်အကြောင်းကိုသိပြီးသားဖြစ်နေတာထယ်ယောင်းရိပ်မိလိုက်သည်။

"ဖွားဖွားသိထားရင်လည်းသားကိုထပ်မမေးပါတော့နဲ့လား"

"မသွားရဘူး"

"သွားခွင့်ပြုပါဖွားရယ် သားတစ်ခါပဲသွားမယ် နောက်နေ့တွေဆို..."

"နောက်နေ့ဆိုတာမရှိဘူးထယ်ယောင်း
မင်းရွေးပေါ့ သူ့အမေရဲ့ဆိုင်ကပေါင်မုန့်ကမလတ်ဆတ်တဲ့ကုန်ကြမ်းတွေအသုံးပြုလို့ကလေးတွေအစာအဆိပ်သင့်တယ်ဆိုပြီးလုပ်ဖို့အဖွားအတွက်တော့အလွယ်လေးနော်"

"အဖွားဘဝမှာအဲ့လိုတွေလုပ်ပြီးနေလာတာ ကိုယ့်လိပ်ပြာကိုယ်လုံရဲ့လား သားကတော့အဖွားကသားအဖွားဆိုတာရှက်နေပြီ"

"အဲ့လိုတွေဖြစ်အောင်လုပ်နေတာ မင်းလေ ဒီအသိုင်းအဝိုင်းမှာဘယ်လိုလုပ်ကျင့်သားရအောင်မနေနိုင်ရတာလဲ
မင်းကငါ့မြေးလေ ငါတို့လုပ်ငန်းကိုဦးဆောင်ရမှာလေ မဖြစ်သင့်တာတွေမဖြစ်ရအောင်တားနေတာ"

လာပြီသူဒီလိုလုပ်နေတိုင်းမင်းကြောင့်လုပ်နေတာဆိုတာနဲ့အစချီနေတာ။တကယ်တော့ကျွန်တော့်ဘက်ကိုလဲကြည့်ပေးသင့်တယ်။အဆင်ပြေပြေနေထိုင်သွားစေချင်တာအဖွားရဲ့အဖြူရောင်အတ္တဆိုတာသိပေမယ့် ဒီတိုင်းလေးခဏစောင့်ကြည့်ပေးပါလား။အဆင်ပြေစွာနဲ့နေထိုင်နိုင်ပါတယ်ဆိုတာသက်သေပြနိုင်တယ်အချိန်ခဏပဲပေးစေချင်တာပါ။

"လုပ်ငန်းကိုလည်းစိတ်မဝင်စားဘူး အရမ်းစိတ်ဝင်စားတဲ့ဒယ်ဒီကိုပဲပေးလိုက်ပါ တစ်သက်လုံးလုပ်ငန်းစိတ်ဝင်စားပြီး မိန်းမနဲ့သားကိုမကာကွယ်ပေးနိုင်တဲ့ဒယ်ဒီကိုပေးလိုက်"

"ကာကွယ်ပေးရအောင်မင်းအမေကဘာဖြစ်နေလို့လဲ ဒီလိုအိမ်ကြီးအိမ်ကောင်းမှာနေရတယ်အဆင့်မြင့်မြင့်ပွဲတွေတက်ရတယ်
တော်ပြီပေါ့သူ့အဆင့်နဲ့ Kimမိသားစုချွေးမဖြစ်နေတာ ဘာတွေငါ့သားက ကာကွယ်ပေးရမှာလဲ"

"အဖွားက ငါစွဲကြီးသူပဲ ငါ့သား ငါ့စီးပွား ဆိုပြီးအတ္တတွေဆန်နေတာ သားသာမိန်းကလေးအနေနဲ့မွေးဖွားလာကြည့်သားတို့သားမိဘယ်လိုနေရမလဲဆိုတာစဉ်းစားနေစရာတောင်မလိုဘူး မိသားစုဆိုတာနွေးထွေးနေမှ ပျော်ရွှင်စရာတွေရှိနေမှတစ်ဦးပေါ်တစ်ဦးမေတ္တာထားနိုင်မှ မိသားစုလို့ခေါ်တာ
အိမ်ကြီးကကြီးနေတော့ရောဘာလုပ်ရမှာလဲ အိမ်ဆိုတာရယ်သံတွေရှိနေမှ ထမင်းစားပွဲဝိုင်းမှာအတူစားကြရင်း
မိသားစုအကြောင်းကိုပြောကြဆိုကြ
နှလုံးသားတွေနွေးထွေးနေမှ အိမ်လို့ခေါ်တာ"

Be Happy  √ Completed √Where stories live. Discover now