"ဩော် အေး ကောင်းသားပဲ ဆင်ခြေပေးချက်ကြီးကတော့"
ဘုန်းပြည့်နဲ့ထက်ဘုန်းစကားများနေတာကိုကြည့်ပြီး ဘေးကအလင်္ကာနဲ့လပြည့်က နားတွေငြီးလာသည်။အစကတည်းကclubထဲမှာဒီလောက်ဆူညံနေပါတယ်ဆိုမှ သူတို့နှစ်ယောက်ရဲ့ငှက်ဆိုးထိုးသံကြောင့် အလင်္ကာတို့နှစ်ယောက် မခံစားနိုင်တော့ပါ။
"ဘုန်းပြည့် တော်တော့။ငါနားငြီးလာပြီ။မင်းဆက်စကားများနေမယ်ဆို ငါမင်းကိုတစ်ပတ်လောက်စကားမပြောဘဲနေမှာနော်"
လပြည့်ကနည်းနည်းခြိမ်းခြောက်လိုက်တော့မှပဲ ဘုန်းပြည့်ကစကားနိုင်လုတာကိုရပ်လိုက်ကာ ထက်ဘုန်းအားမျက်စောင်းတစ်ချက်ထိုးလိုက်ရင်း လပြည့်နားကိုသွားချွဲတော့သည်။လပြည့်ရဲ့စကားတစ်ခွန်းတည်းနဲ့ကို ငြိမ်ကျသွားသော သူ့ကိုကြည့်ပြီး ထက်ဘုန်းနှင့်အလင်္ကာက ဟားတိုက်ရီနေတာကိုရန်တွေ့ချင်သော်လည်း လပြည့်တစ်ပတ်လောက် စိတ်ကောက်တာကိုမခံနိုင်သောကြောင့် သူ့မှာပါးစပ်ပိတ်နေရသည်။
"ဟေ့ရောင် သဇင်ရောမပါဘူးလား"
"အင်း ညဘက်မို့လို့သူ့အိမ်ကစိတ်မချလို့မလွှတ်တာတဲ့"
"ဩော် ဟုတ်ပြီ ဟုတ်ပြီ"
သူတို့စကားပြောလိုက်၊သောက်လိုက်လုပ်နေတုန်း အလင်္ကာ့ဆီမှ ဖုန်းသံမြည်လာသည်။ဘယ်သူလဲလို့သူ့ဖုန်းကိုထုတ်ကြည့်လိုက်တော့ နှိုင်းဖြစ်နေသည်။
"ဟယ်လို နှိုင်း......ဟယ်လို"
Clubထဲမှာကအရမ်းဆူညံနေသောကြောင့် သူထိုင်နေရာမှထကာ toiletဘက်သို့ခဏထွက်သွားသည်။
"ဟယ်လို နှိုင်း"
"ကိုကိုအခုဘယ်မှာလဲ"
"အာ အခုဘုန်းပြည့်တို့နဲ့clubရောက်နေတယ် နှိုင်းရဲ့"
"ဟင် ကျွန်တော့်ကိုကျဘာလို့မခေါ်တာလဲ"
"နှိုင်းကလိုက်ချင်လို့လား။မလိုက်ရပါဘူးနော်။သောက်တတ်တာလည်းမဟုတ်ဘဲနဲ့"
"ဒီတိုင်းစကားအဖြစ်ပြောကြည့်တာပါ ကျွန်တော်က"
"နှိုင်းဖုန်းဆက်တဲ့အကြောင်းလေးပြောပါဦး"
YOU ARE READING
My Nerdy Boy
RomanceYou're not my ideal type but still,you make my heart flutter uncontrollably. Note-This fiction is just my imagination.Thank you. Start date-1/11/2020 End date-21/2/2021
Chapter-1
Start from the beginning