ငါ​လေး ဒီည ဒီပဲပုတ်​တွေကို​ကျော်နိုင်ပါ့မလား။
မြန်မာမှာကျန်ခဲ့တဲ့ရည်းစား​လေး​ရေ
ငါ့လာကယ်ဦးဟ...

ခန့်သျှား​ကျော်​ရောဘာလုပ်​နေပါသနည်း။

သူ့ဘဲဘဲက​တော့Clubမှာ​ခြေရှုပ်​နေ​ပါပြီ။လွတ်လပ်​​ရေး​နေ့ကိုရက်ရှည်ဆွဲဆန့်ပေးထားတယ်များထင်​နေလားမသိ။ဇာမဏီမရှိတာနဲ့ကဲ​နေ​တော့တာ...

ခန့်သျှား​ကျော်မျက်နှာနား အ​ရောင်စုံလိမ်းကျံထားတဲ့နှုတ်ခမ်းက ကပ်လာ​တော့ ​​ခေါင်းရှောင်လိုက်သည်။

တစ်ခု​တော့ရှိသည်။ဇာမဏီနဲ့ရည်းစားဖြစ်ပြီး​တော့မှသူမဟုတ်လျှင်မနမ်းချင်​တော့​ပေ။သူ့အ​ပေါ်သစ္စာအရှိကြီးမဟုတ်​တော့လည်းဒါ​လေးတစ်ခု​တော့​စောင့်ထိန်းရမယ်မဟုတ်လား။

"အချစ်​လေး ဘာဖြစ်"

"​ဝေး​ဝေးသွားစမ်း
​ရေ​မွှေးနံ့ကလည်း​ခွေး​သေး​တွေ​လောင်းချထားသလိုပဲ နံလိုက်တာ ငါ့အနားမကပ်နဲ့။"

Clubကsexy boy​လေး​တွေအနား​ခေါ်ပြီးဖဲ့​နေတာသူတစ်​​ယောက်ပဲရှိမယ်ထင်၏။ဇာမဏီက​ရေ​မွှေးမသုံးဘဲlotionပဲလူးတတ်တာဆို​တော့လည်း အ​နေကြာလာ​တော့သူကအနံ့ပြင်း​ပြင်းတွေဆိုမခံနိုင်​တော့​ပေ။

ချီးထုပ်ဘဲ​ရေ မြန်မြန်ပြန်လာ​တော့ဟ။​ဂွေး​တောက်ရွက်​​ကျွေးချင်လှပြီ။

"မင်းကလွဲရင် ကိုယ်ရွံတယ်
ဘယ်နှုတ်ခမ်းမှလည်းအစားမထိုးဘူး
နမ်းချင်တယ် ပြန်လာ​တော့ဟ
မလာလည်း​နေဟာ
မာရ်နတ်ထိခိုက်တယ်
အဲ​လေ မာန ထိခိုက်တယ်
​ဟေး ​လေဒီ"

"Yes, friend"

"Come and join with me"

​နောက်ဆုံး​တော့လည်း အ​ပျော်မယ် အနား​ခေါ်ရ​ပေပြီ။လူရှိန်​အောင်ပါ။သူလိုplay boyက Clubလာပြီးငို​နေရင်လူကြားလို့မှမ​​ကောင်းဘဲ။

လူအထင်ကြီး​အောင်လူမြင်ကွင်းမှာကျ​အနားကပ်ထားပြီးအခန်းထဲမှာကျထိုမယ်လမင်းမကိုအရက်တိုက်ကာအိပ်ခိုင်းထားလိုက်​လေသည်။ချစ်ချစ်ဘဲဆီဖုန်းဆက်မှ။​billကုန်တယ်။မသာရဲ့။မြန်မြန်ပြန်လာ​တော့...

 Being His Man OR Cupid Lady(Fujoshi)Completed💚Where stories live. Discover now