အချစ်စစ်(အပိုင်း၁၃)

Start from the beginning
                                    

"တဘက်ပဝါအဖြူတစ်ထည်"

မနေ့ကဘာတွေများဖြစ်ခဲ့တာပါလိမ့်.ဆိုကာ
ပဝါကိုကိုင်၍ကြည့်ပြီးစဥ်းစားနေတုန်းပင် တံခါးချက်သံကြားလိုက်သည်နှင့် ချက်ချင်း ကုတင်ကိုအားကုန်မှီကာ အတင်းမရမကထပြီး ကုတင်ထောင့်နားတွင်ကပ်နေမိသည်...ထိုဝင်လာသောလူဘက်သို့လည်းမျက်နှာတစ်ချက်မလှည့်ကြည့်ဝံ့ပါ...သူလှည့်မကြည့်လဲသိပါသည်..ထိုသူသည်သူသိပ်ချစ်ခဲ့ရသလို သိပ်ကိုလည်းစိတ်မနာရန်ကြိုးစားနေရသောသူတစ်ယောက် ...

ရိပေါ်ဝင်လာတော့ရှောင်ကျန့်နိုးနေသည်ကိုမြင်၍ချက်ချင်းရုပ်ကိုပုံမှန်အတိုင်းပြန်နေလိုက်ပြီး ...

"ရော့ပူတုန်း စားလိုက် ဆေးသောက်ဖို့အစာရှိမှရမှာ"

ဆိုကာရိပေါ်သူကိုယ်တိုင်ပြုတ်လာသောဆန်ပြုတ်ခွက်ကိုဘေးနားကခုံပေါ်တွင်တင်ပြီးပြောလိုက်သည်..

ထိူသူ့နှုတ်ဖျားမှထွက်လာသောစကား ... ခါတိုင်းလိုပင်နူးညံ့မှုမရှိ အမိန့်ပေးသံနှင့်သာ.
ရှောင်ကျန့်ပဝါကော ယခုအခြေအနေကြောင့်ရောပါသိလိုက်ပါပြီ သူဖျားနေ၍ဆိုသည်ကို...သို့သော်သူမစားဝံ့ပါ..."အနာပေးလိုက်ဆေးပေးလိုက် "လုပ်နေသည်ကသူ့ကိုပို၍ခံစားစေရကာမျှော်လင့်ချက်များဖြစ်ပေါ်စေသည်...ဆေးပေးပြီးတာနှင့် ထိုသူထပ်ပြီးပြောဆိုမည့် စကားများကိုလည်းမကြားဝံံ့ ပါထိုစကားတိုင်းကသူ့ကိုသိပ်နာကျင်စေသည် .. စိတ်နာစေသည်မို့...

"ငါပြောနေတာမကြားဘူးလားရှောင်ကျန့် ငါကငါပြောရင်ချက်ချင်းလုပ်မှကြိုက်တယ်ဆိုတာသိတယ်နော် "

ရှောင်ကျန့်ထပ်ပြီးထိုသူနဲ့ငြင်းဆန်ဖို့လည်းအားမရှိ ထိုသူ့စကားများကို ကြားပြီးခံနိုင်ရည်လည်းရှိမည်မထင် ...

ထို့ကြောင့်ခုံပေါ်ရှိဆန်ပြုတ်ပန်းကန်ကိုလှမ်းယူလိုက်ကာခွက်ထဲမှဆန်ပြုတ်ကိုသာ စားချင်ချင်မစားချင်ချင်စားနေလိုက်တော့သည် ..
ဖျားနေလို့လားမသိ.. တကယ်ကိုပါးစပ်ပျက်နေကာ စားမဝင်....တစ်ဝက်လောက်စားပြီးဘေးနားကခုံပေါ်တွင်ပြန်တင်ပေးလိုက်သည်
"မစားတော့ဘူးလား"
"..."
"ရှောင်ကျန့်"
"မစား..နိုင်တော့လိုပါ..."
"ပြီးရော..ရော့ဆေးသောက်လိုက်"
"...မသောက်တော့ဘူး...နောက်ကျရင်ပြန်ကောင်းသွားမှာပါ ..ကျေး...ကျေးဇူးတင်ပါတယ်"

အချစ်စစ်(Yizhan version)Where stories live. Discover now