"နေ့လယ်စာစားပြီးပြီလား"

📱ခဏနေ ကိုလေးလာမှစားရမှာ

"အချိုအချဉ်တွေအရမ်းစားမနေနဲ့ ထမင်းမစားနိုင်ဘဲနေမယ်
နွေးနွေးထွေးထွေးနေ
အခုနွေးနွေးထွေးထွေးဝတ်ထားလား
နာတာကျင်တာကောရှိသေးလား"

📱အကုန်ကောင်းနေပါပြီ.. ငါ့အချစ်လေးက အရမ်းဂရုစိုက်ပေးတာပဲ
အပြေးလာတွေ့ချင်လိုက်တာ

"အရမ်းအိပ်ချင်နေတယ်.. "

📱ဒါဆိုဖုန်းချလိုက်မယ်လေ

"မင်းအသက်ရှူသံလေးလည်းကြားချင်သေးတယ်"

📱ဒါဆိုငါက Chanyeolအိပ်လို့ရအောင် ဖုန်းမချဘဲငြိမ်ငြိမ်လေးနေပေးမယ်

"ခဏနေ ငါ့ကိုနိုးပေးမယ်မလား"

📱အင်း

Chanyeolဖုန်းကိုင်ထားတာကိုဘေးမှာချထားလိုက်တော့ ဖုန်းထဲအသက်ရှူသံသဲ့သဲ့ကတိတ်ဆိတ်နေတဲ့အခန်းထဲမှာ သေသေချာချာကြားနေရသည်။
အိပ်ချင်နေတဲ့မျက်လုံးတွေဟာ ထိုအချိန်မှပဲ နွေးထွေးစွာနဲ့မှေးစက်သွားတော့သည်။

တဖက်ကBaekhyunလည်း Chanyeolအသံရှူသံကိုနားထောင်နေပြီး နိုးရမဲ့အချိန်အတွက်နာရီတကြည့်ကြည့်နဲ့နေသည်။
အစ်ကိုတွေကနေ့လယ်စာ စားဖို့လာခေါ်တာတောင် Chanyeolအိပ်နေလို့ တိုးတိုးလေးတောင်အသံမထွက်ဘဲ အမူအယာနဲ့ပဲပြန်ပြသည်။

တွဲလာခဲ့တဲ့အချိန်တွေကြောင့်..
Chanyeolက Baekhyunနဲ့ပတ်သက်ရင်..
Baekhyunက Chanyeolနဲ့ပတ်သက်ရင်..

အသေးစိတ်လေးတွေကအစ ဘယ်နေရာရောက်နေနေ တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ပေးလာတတ်ကြပေမဲ့
တခြားသူတွေနဲ့ဆိုရင်တော့ ပြောင်းလဲသွားတာမျိုးတွေမရှိကြဘူး။

အချိန်တစ်ခုအထိBaekhyunစောင့်နေလိုက်ပြီးမှ Chanyeolကိုနိုးသည်။
Chanyeolနိုးတာသေချာသွားတဲ့အခါမှ ဖုန်းကိုချပြီး အစ်ကိုတွေနဲ့စားသောက်ဖို့အတွက်ထတော့သည်။

"ကိုလေးနဲ့ကိုလတ်.. ဟျွန်းငယ်ပြောစရာရှိတယ်"

Baekhyun အေးချမ်းနေတဲ့ LuHanရဲ့ကော်ဖီဆိုင်လေးအတွင်းက စားပွဲဝိုင်းမှာဝင်ထိုင်လိုက်ပြီးစကားဆိုလာတော့ အစ်ကိုတွေကပြောလေဆိုပြီး ညီငယ်ကိုကြည့်နေကြသည်။

HE'S ✓Where stories live. Discover now