တိုက်မိသွားသည့် ခြေထောက်ကြောင့် ရှုံ့မဲ့နေသော baekhyun ကို chanyeol ဗီရိုပေါ်အေးဆေးထိုင်ကာ ကြည့်နေမိသည်။ နမော်နမဲ့နှင့်။ နိုးလာကတည်းက chanyeol ကို မမြင်သေးကာ သူ့အလုပ်များသာ ခေါင်းထဲစီထားပုံရသည်။ မျက်နှာသစ်ပြီး ပြန်ထွက်လာသော်ငြား မျက်ချေးအတောင့်လိုက်က ကျန်နေသေးသည်ပင်။ ညစ်ပတ်လိုက်တာ။ ​နာသွားသည့် ခြေထောက်ကို သနားကမား မျက်နှာပေးလေးနှင့် ဖိကိုင်ကာ တော်တော်ကြာထိုင်ပြီးတော့မှ ပြန်ကုန်းရုန်းထရင်း အဝတ်တွေနှိုက်ရွေးနေပြန်သည်။

အခုထိ အိပ်ရာမသိမ်းသေးဘူးလား။ ဒါဘယ်လိုကပျက်ကချော်နိုင်မှုလဲ။ အချိန်ကို တကြည့်ကြည့်နှင့် လှုပ်ရှားနေသည့်သူ့ကို ကြည့်နေရင်းမှာပင် ရုတ်တရက် အင်္ကျီကိုလှန်ချွတ်လိုက်၏။

"!!!!!"

နားရွက်တစ်ခုလုံး ဖြန်းကနဲပူတက်ကာ ချက်ချင်း အကြည့်လွှဲလိုက်ရသည်။ အေးဆေးရှိနေသည့် ခြေတွေလက်တွေကလည်း အခုမှတုန်ရီချင်လာသည်မို့ စိတ်သေချာထိန်းကာ တစ်ခုခုအပေါ် အာရုံပြောင်းထားရသည်။ သို့သော်ငြား အင်္ကျီသာမက။ ဘောင်းဘီပါချွတ်ချကာ အတွင်းခံကိုပါ တဆက်တည်း ရောထွေးချွတ်ချပစ်ပြန်သည်။ အကြည့်လွှဲထားသည့်ကြားမှ တံတွေးတစ်ချက်မြိုချလိုက်ရသည်။ chanyeol အခု အပြစ်မကျူးလွန်မိသေးဘူးလို့တော့ ထင်ပါသည်။ မည်သို့ပင် ယောကျ်ားသားဖြစ်ဖြစ် သူသည်ကား သာမန်ယောကျ်ားလေးတစ်ယောက်အနေနှင့် မွေးဖွားလာသည်မှ မဟုတ်ဘဲ။

အဝတ်လဲခြင်းအမှုပြီးသည်နှင့် ခြေထောက်အောက်တွင် တွန့်ကြေနေသည့် အိပ်ရာခင်းကို လုံးထွေးကာ ဗီရိုထဲပစ်ထည့်လိုက်သည်။

ထိုစဥ်ပင် ရုတ်တရက် ဖုန်းသံထပ်ထွက်လာပြန်သည်မို့ baekhyun အာရုံလွှဲသွားသည်။

ဂယောင်ဆူးပင်။

ကိုင်လိုက်ပြီးသည်နှင့် မိမိဘက်ကအရင် ဦးအောင်ပြောလိုက်ရသည်။

"အင်း လာနေပြီလို့"

တစ်ဖက်က ထွက်လာခါနီး အသံက တံတွေးတစ်ချက် ပြန်မြိုချသံနှင့်အတူ ဖုန်းပြန်ချသွား၏။ ညကတည်းက ပြင်ဆင်ထားသည့် လွယ်အိတ်ကိုကောက်ယူကာ ပုခုံးပေါ်တင်ပြီးသည်နှင့် အခန်းတံခါးဘက်လျှောက်လာလိုက်သည်။

The LOEYDär berättelser lever. Upptäck nu