Part 52

1.7K 173 28
                                    

Unicode

Warning : 3x spicy

ဘခ်ဟျွန်းပြောလိုက်သည့်စကားကြောင့်ထင်၏၊ ချန်းယောလ်သည် ထိုသမင်ဘီးကုပ်အား အပြစ်မပြုတော့ဘဲ ကိုယ်တိုင်ကိုယ်ကျပင် ခြင်းတောင်းထဲကောက်ထည့်လာ၏။ ဘခ်ဟျွန်းသည် ရယ်မောနေရုံမှလွဲ၍ တခြားတုံ့ပြန်နိုင်ခြင်းမရှိပေမယ့် အတွေးပေါင်းစုံကတော့ အတော်ခရီးရောက်နေပြီဖြစ်သည်။

အိမ်ပြန်ရောက်၍ စားဖို့သောက်ဖို့ပြင်ဆင်နေချိန်တွင်လည်း အပျော်ဆုံးဖြစ်နေသူကား အီဂျူးသာ။ နဂိုတည်းက စားကောင်းသောက်ကောင်း ကြိုက်တဲ့ကလေးအနေဖြင့် ဘခ်ဟျွန်းချက်ပြုတ်နေရာတစ်လျှောက်လုံးတွင်လည်း အနားကနေမခွာ။ မီးဖိုချောင်ထဲထိ လိုက်ကူညီသလိုလိုနှင့် အနံ့ခံနေသော အီဂျူးအား မျက်စိနောက်လာဟန်ရှိသည့် ချန်းယောလ်က ဂုပ်ကနေဆွဲကိုင်နှင်ထုတ်တော့၏။ ထို့နောက်တွင်မူ မီးဖိုချောင်တွင် သူကိုယိတိုင်ကိုယ်ကျဝင်ရောက် ကူညီတော့၏။

"ချန်း အလုပ်တွေပြီးပြီလား"

ချန်းယောလ်သည် ခေါင်းသာတစ်ချက်ညိတ်ပြလာပြီး ကြက်သွန်နီခွာရာတွင်သာ အာရုံအပြည့်အဝ စိုက်ထည့်ထား၏။ ချန်းယောလ် ကုမ္ပဏီသည် ယခုကဲ့သို့နှစ်သစ်ကူးပိတ်ရက်များတွင် နှစ်ကုန်ထုတ်ကုန်ကိစ္စများနှင့် အလုပ်တွေပုံနေတတ်သည်ကြောင့် ချန်းယောလ်ကလည်း တာဝန်ယူပေးရသည်။ အမည်ခံဥက္ကဌဖြစ်သည့် ချန်းယောလ်၏အတွင်းရေးမှူးက မကြာခဏကျန်းမာရေးချူချာတတ်သည်ကြောင့်လည်း ပါသည်။ ယခုတော့ မီးဖိုချောင်ထဲ ဘခ်ဟျွန်းအားစိတ်ရှည်လက်ရှည် လာရောက်ကူညီနေနိုင်ပုံအရ အလုပ်တွေအကုန် လက်စဖြတ်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။ ညရေးညတာအတွက်တော့ နောက်ဆံတင်းစရာကိစ္စမရှိ၊ လွတ်လွတ်လပ်လပ်ပင်။ အတွေးနှင့်အတူ ဘခ်ဟျွန်းမျက်နှာ ပြုံးစိစိဖြစ်သွားသည်။

ညစာအတွက်ကတော့ ထူးထူးခြားခြားမဟုတ်သော်ငြား မချက်ပြုတ်တာကြာပြီဖြစ်သည်မို့ ဘာချက်ချက်ထူးခြားနေဦးမှာပင်။ စားပြီးသောက်ပြီးသည်နှင့် ဘခ်ဟျွန်းပန်းကန်ဆေးနေတုန်း ချန်းယောလ်သည် ရုပ်တည်ကြီးနှင့်ပင် အီဂျူးအား စာကြည့်ခန်းထဲထိုးထည့်သည်။ အီဂျူးသည်မူ ကြောင်တောင်တောင်လေးဖြင့် အခန်းတံခါးဘောင်ကို လက်ဖြင့်တွန်းကန်ကာ ဝင်ဖို့ငြင်းဆန်နေဆဲ။

The LOEYWhere stories live. Discover now