Part 23

1.2K 238 28
                                    

Unicode

ချန်းယောလ်ထွက်သွားသည်မှာ နှစ်မိနစ်လောက်သာ ရှိသေးသော်ငြား ဘခ်ဟျွန်းစိုးရိမ်နေပြီဖြစ်သည်။ ပြန်မလာတော့လျှင် ဘယ်လိုလုပ်မလဲ ဟူသည့်အတွေးဖြင့် ကျီးကန်းတောင်းမှောက် ပတ်ပတ်လည်ရှာကြည့်သော်ငြား မတွေ့။ ဝမ်းနည်းလာသော စိတ်အစုံကို သေချာထိန်းနေသော်ငြား မျက်နှာလေးမဲ့လာမိသည်။ ရှာနေသည်ကိုလည်း မရပ်မိ။

အကြည့်က တောင်ရောက်မြောက်ရောက်ဖြစ်နေသည်မို့ ရှေ့တည့်တည့်က ဖုန်းသုံးရင်း လာနေသည့် မိန်းကလေးတစ်ယောက်ကို မမြင်လိုက်။ သတိထားမိလိုက်သည့် အချိန်တွင် တွန်းလှည်းနှင့် တစ်ဖက်မိန်းကလေးကို တိုက်မိမည်စိုး၍ အလျင်ရှောင်လိုက်နိုင်သော်ငြား လူအချင်းချင်းတော့ တိုက်မိသွားသည်။ ထိုမိန်းကလေးကလည်း ဖုန်းကြည့်နေရင်းမို့ ဘခ်ဟျွန်းကိုတွေ့ပုံမရသည့်အပြင် ရှောင်ဖို့လည်း မမှီလိုက်သည့်ပုံ။

ခြေထောက်ခွေကာ လဲကျသွားသော ဘခ်ဟျွန်းကြောင့် အလန့်တဖြတ် လက်တစ်ဖက်က ကိုင်ထားသော အအေးဗူးက ဘခ်ဟျွန်းပေါ်မှောက်ကျသည်။ အေးစိမ့်နေသော အထိအတွေ့နှင့်အတူ ခွေယိုင်သွားသော ခြေချင်းဝတ်ကြောင့် မျက်နှာသိသိသာသာ ပျက်ယွင်းသွားမိသည်။ အအေးတို့က ရင်ဘတ်အပေါ်ပိုင်းကို မှောက်ကျသည်မို့ ဆံပင်တွေပေါ်အထိပါ တက်စင်နေပြီး မျက်လုံးပင် မနည်းဖွင့်ရသည်အထိ။

တစ်ဆက်တည်းဆိုသလို ဆူဆူညံညံအသံတို့ကြောင့် ဝိုင်းကြည့်လာသော လူအုပ်။ ဘခ်ဟျွန်း မရရအောင် ပြန်ထသော်ငြား နာကျင်သွားသည့် ခြေထောက်ကြောင့် ချက်ချင်းခွေယိုင်ကာလဲကျ၏။ တစ်ဖက် မိန်းကလေးကလည်း မထူ။ နည်းနည်းလေးပင် အားနာရိပ်မရှိသည့်အလား။

"လူတစ်ယောက်လုံးလာနေတာကို မမြင်ဘူးလား"

ပြောရင်းဆိုရင်း သူ့အင်္ကျီတွင်စင်သွားသော အအေး တစ်စက်နှစ်စက်အား ခါနေ၏။ ဘခ်ဟျွန်း ဘာပြန်ပြောရမှန်းမသိ။ ဒီအခြေအနေက မြန်မြန်ရုန်းထွက်ချင်သော်ငြား တောင်းပန်စကားလည်း သူမဆိုချင်။ သူမှားတာလည်း တစ်စိတ်တစ်ပိုင်းပါသော်ငြား မှားသည့် တစဖက်မိန်းကလေးလည်း ထိုသို့မဆိုသင့်ဟု ထင်မိ၏။

The LOEYWhere stories live. Discover now