ထိုအောက်တန်းကျ သတ္တဝါပုံစံမပြောင်းချင်လည်း ပြောင်းရဦးမည်။ ကိုယ်ဖျောက်လို့ရလျှင်လည်း ကောင်းသားပင်။ ထိုနိမ့်ကျသည့်သတ္တဝါပုံစံဖြင့် မနေချင်ပေမယ့် အခုတော့ရွေးချယ်စရာမရှိ။ ဗီရိုလေးပေါ် ခပ်ခွေခွေနေရာယူထားလိုက်ပေမယ့် မျက်လုံးတွေမပိတ်ဖြစ်သေး။ ဟန်ပြသာ အိပ်သည်မို့ ထိုကောင်လေးကိုသာ တစ်ညလုံး အကြည့်မလွှဲ စူးစိုက်ကြည့်နေခဲ့ရသည်။

_____

ချမ်းအေးလွန်းနေသည့် ပတ်ပတ်လည်ကြောင့် ဂွမ်းစောင်ကြီးကို ပိုမိုတင်းကျပ်စွာ ဆွဲဖက်မိလိုက်သည်။ ခေါင်းရင်းနားက ထပ်ခါတလဲလဲ ထွက်ပေါ်နေသည့် သီချင်းသံက Alarm သံ မဟုတ်သည်မို့ စောင်ပုံကြားမှ လက်တစ်ဖက်ထွက်လာ၏။ မျက်လုံးမပွင့်သည့်ကြားမှ ကိုင်လိုက်တော့ အလျင်လိုနေသည့် အသံတစ်သံထွက်လာ၏။

"ဘခ်ဟျွန်း ဒီနေ့ကျောင်းလာမှာလား"

"ဟမ်.."

ပြောလိုက်သည့် စကားလုံးများက နားထဲဝင်ပေမယ့် အိပ်ချင်နေဆဲမို့ နားမလည်သေး။ အသံအရတော့ ဂယောင်ဆူးမှန်း သိသည်။ မျက်လုံးမရမကဖွင့်ရင်း ဖုန်းကိုပြန်ကြည့်တော့ မနက် ၈ နာရီထိုးခါနီးအချိန်မို့ ခေါင်းနောက်စွာ မျက်လုံးကိုပြန်မှိတ်လိုက်ရသည်။

"အား... လာမှာ လာမှာ"

မျက်ခုံးနှစ်ဖက်ကို ဖိကိုင်ရင်းပြောလိုက်ရသည်။ အိပ်ရေးမဝတိုင်း ခေါင်းမူးသည်။

"အင်း မြန်မြန်လာ နောက်ကျနေပြီ"

ဂျောင်ဆူး၏ လော်အောသံအဆုံး ဖုန်းချသွား၏။ ဖုန်းကို ဘေးချကာ မနည်းကုန်းထပြီးသည်နှင့် ခေါင်းတစ်ချက်နှစ်ချက် ခါထုတ်ရင်း ရေချိုးခန်းဘက် ဒယိမ်းဒယိုင်လျှောက်လာရသည်။ ချမ်းအေးနေသည့် ရာသီဥတုထဲဲဖြစ်သော်ငြား အေးဆေးလုပ်ဖို့အချိန်မရှိ။ အေးစက်နေသော ရေတို့နှင့် ခပ်သွက်သွက်မျက်နှာသစ်ချကာ သွားတိုက်လိုက်သည်။ ရေတော့မချိုးချင်တော့။

"အ"

ရေချိုးခန်းထဲက ကမန်းကတန်း အမြန်ပြန်ထွက်လာတော့ ရေချိုးခန်းဘောင်နှင့် ခလုတ်တိုက်ကာ မှောက်ရပ်လဲကျသည်။

The LOEYWhere stories live. Discover now