တစ်ဖွဲ့လုံးဆင်းလာသည်နှင့် တိုးဝှေ့လာသောလူအုပ်ကြီးမှာဆူညံလျက်ရှိသည် ... Bodyguard ပေါင်းများစွာခြံရံလျက်ရှိသော်လည်း တိုးဝှေ့နေသောလူအုပ်ကြီးအားမနိုင်ပေ ... World Tour ကြောင့်နေ့စဉ်နေ့တိုင်း BH Ent သို့ BT7 အဖွဲ့လာရောက်လေ့ကျင့်နေရသည်... အားလပ်ရက်ဆိုတာလည်းမရှိသလောက်ရှားလေသည်...Idol ဆိုတဲ့ဘဝပင်မဟုတ်ပါလော...

လေ့ကျင့်နေသော ဂျောင်ကုမှာ ထယ်ယောင်းအားလှည့်ကြည့်လှည့်ကြည့်ဖြင့်သာ.. သူစိတ်မချပေ ဟိုနေ့ကလေ့ကျင့်ရင်း ဟျောင်းခြေထောက်လေးခိုက်မိထားသည်မဟုတ်ပါလား...

"ဟျောင်း"

အကတိုက်နေကြရင်း ထယ်ယောင်းလဲကျသွားတော့ ဂျောင်ကုအပြေးလေးသွားကာအော်လိုက်မိသည်...သူ့ထက်အရင်ရောက်နေတာက ဂျီမင်းဟျောင်း

"ထယ်ထယ် ရရဲ့လား လာလာငါ့ကိုတွဲ...အဲ့တာကြောင့်ဒီနေ့လေ့ကျင့်ရေးမလာပါနဲ့ဆို နားမထောင်ဘူး အခုတော့ခိုက်မိပြီ"

" ဂျီမင်းကလည်း "

နမ်ဂျွန်းမှသူတို့နှစ်ယောက်အားကြည့်ကာ

"ကဲကဲ ယောင်းငယ်ခနနားလိုက် ဟျောင်းတို့ Solo အတွက်လေ့ကျင့်လိုက်မယ် အဖွဲ့လိုက်အတွက်က ယောင်းငယ်ခြေထောက်သက်သာမှထပ်လေ့ကျင့်မယ်ဟုတ်ပြီလား"

ဂျောင်ကုမှာ ဂျီမင်းတွဲထားသော ဟျောင်းအားသူ့လက်ထဲဆွဲယူလိုက်ပြီး

"ဂျီမင်းဟျောင်းက ဆက်လေ့ကျင့်နေလိုက် နားခန်းထဲကို ဟျောင်းကိုကျွန်တော်ခေါ်သွားမယ်"

ယွန်းဂီက

"အဲ့လိုပဲလုပ်ကြတာပေါ့ ဂျီမင်းက ဟျောင်းနဲ့ Rap အပိုဒ်လေ့ကျင့်ဖို့ရှိတယ် "

ယွန်းဂီပါဝင်ပြောလာတာမို့ ဂျီမင်းက သူငယ်ချင်းလေးခြေထောက်ကိုဆေးထည့်ပေးချင်မိပေမယ့် ဂျောင်ကုနဲ့လည်းစိတ်ချရတာပါပဲလေ

"ဟုတ်ကဲ့ဟျောင်း"

ဆော့ဂျင်နဲ့ဟိုဆော့မှ

"ကဲကဲ အာ့ဆိုဆက်လေ့ကျင့်ရအောင် "

.......................

ဂျောင်ကုဟျောင်းကိုယ်လေးအားနားခန်းထဲတွဲလာပြီး ဆိုဖာပေါ်ထိုင်ခိုင်းထားသည်

💜 Secret Love 💜 (Completed)Where stories live. Discover now