"အင်း....."

"အချစ်....အချစ် သတိရပြီလား"

မျက်တောင်လေးပုတ်ခတ် ပုတ်ခတ် လုပ်နေတဲ့ အချစ်က သူ့အသံကြောင့် ခေါင်းညိတ်ပြလာကာ မောင်ဟု ခပ်တိုးတိုးရေ ရွတ်လာသည်။

"မောင်....ရေခပ်ပေးမယ်"

"ဟင့်အင်း....မသွားပါနဲ့"

ကုတင်ပေါ် ထိုင်​နေတဲ့ သူ့ပေါင်ပေါ် ခေါင်းအုံးလာကာ သူ့ခါးကို ဖက်ထားတဲ့အချစ်က အသံလေးက အားမရှိသလို ဖျော့တော့နေသည်။အချစ်တစ်ကိုယ်လုံးကို သူ့ပေါင်ပေါ် ပွေ့တင်လိုက်ပြီး ဆရာဝန်ကလေးသေးသေးလေးကို မိခင်တွေ ချီထားသလို နူးနူးညံ့ညံ့ လေးချီထားလိုက်သည်။

"အချစ် မသက်သာဘူးလားဟင်....မောင်တောင်းပန်ပါတယ်.... မောင့်ကြောင့်.....
မောင်ဂရုမစိုက်မိလို့"

ရင်ခွင်ထဲက ဖြူဖျော့နေတဲ့ အချစ်ကြောင့် ရှောင်ကျန့်က အပြစ်ရှိသလို ခံစားနေရကာ
မျက်ရည်တွေက ကျလာရသည်။

"မောင့်အပြစ်မဟုတ်ပါဘူး....မောင်မငိုရဘူးလေ....ကျိရန်တို့က ဘာပြောသေးလဲဟင်"

သူ့ပါးပေါ် ကျလာတဲ့ ပူနွေးနွေးအရည်ကြောင့် မောင်ငိုနေပြီဆိုတာ ရိပေါ် သိလိုက်သည်။
မောင့်ကို မငိုစေချင်ပေမယ့် မောင်က သူ့ကြောင့် ခနခန ငို​နေရသည်။မောင်မငိုတော့ဖို့ ကျိရန်တို့ဆီ စကားလမ်းကြောင်းလွဲလိုက်ရင်း မောင့်မေးဖျားကို လှမ်းနမ်းလိုက်သည်။

"ကျိရန်က ပြောတယ်....အချစ်ထင်နေတာ မှန်တယ်တဲ့"

"ဟင်...တစ်ကယ်လားမောင်....အချစ်က အချစ်ကလေ...ဟင့်....အချစ်စိတ်ထင်တာထင်နေတာ... ဟင့်"

သူ့ရင်ခွင်ထဲကနေ တရှိုက်ရှိုက်ငိုလာတဲ့ အချစ်ကြောင့် ရှောင်ကျန့်က ခြေမကိုင်မိ လက်မကိုင်မိ။

"အချစ်...."

"မောင်....ငါ့မှာလေ....ငါ့မှာ....မောင့်ကလေးလေးရှိနေပြီ"

"ဗျာ"

အမျိုးသားကိုယ်ဝန်ဆောင်။အရမ်း အန္တရယ် များတာမို့ ကလေးလေးကိုမကြိုဆိုနိုင်ဘဲ ကဖြူနုနုအချစ်ကလေးအတွက်ဘဲ ရှောင်ကျန့်စိတ်ပူသည်။ကလေးမရှိရင် နေနိုင်ပေမယ့် ရှောင်ကျန့်က အချစ်မရှိရင် မနေနိုင်ဘူး။
ဘယ်လောက်ပဲ ဆေးပညာတွေ တိုးတက်ပါတယ်ပြောပြော အချစ်အတွက် အန္တရယ် များလွန်းသည်။

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now