Chanyeol လမ်းကဆိုင်တစ်ဆိုင်ကိုဝင်လာတဲ့အခါ Baekhyunဆတ်ခနဲပြန်ကြည့်လာသည်။

မလုပ်ပေးတာလည်းမဟုတ်ဘဲနဲ့ ငါပြောတုန်းကခေါင်းညိတ်ပေးရင် သူ့ကိုပိုပြီး ပိုပြီးချစ်ပေးမှာကို

Baekhyunနှာခေါင်းရှုံ့လိုက်ပြီးမှ ပြုံးနေကာမျက်နှာကိုတဖက်လှည့်ထားသည်။

Baekhyunပြုံးနေတာကိုမြင်လိုက်တဲ့Chanyeolက ကားကိုသေချာရပ်လိုက်ပြီးပြုံးပြုံးနဲ့ဆင်းသွားကာ ကားတံခါးလာဖွင့်ပေးသည်။

"ငါ့ကိုစိတ်ဆိုးသွားတာလား"

"မဆိုးပါဘူး.. "

"ဒါဆို စကားပြောရင်းကနေတိတ်ပြီးတဖက်လှည့်သွားတာဘာလို့လဲ
ကား‌မောင်းနေတယ်ဆိုပြီး မင်းဘာဖြစ်သွားလဲမသိဘူးလို့တော့မထင်နဲ့နော်"

အဲ့တာကိုများ.. မသိသလိုနေနိုင်ခဲ့တာပဲ
တကယ်ကို ဟန်ဆောင်ပန်ဆောင်အေးတိအေးစက်နဲ့လူကြီး။

"မသိဘူး...
ဘာလို့လိုက်မေးနေတာလဲ..
အထဲဝင်ကြမယ်လေ"

"အင်း"

Chanyeol ဝေ့လည်ကြောင်ပတ်နဲ့စကားလွှဲသွားတဲ့Baekhyunခေါင်းကိုဖွလိုက်ကာ လက်ကိုတွဲပြီးဆိုင်ထဲဝင်သွားသည်။
Baekhyunကတိတ်တိတ်လေးရယ်နေပြီးChanyeolလက်ကိုတွဲထားပေမဲ့ Baekhyunသဘောကျနေကြောင်းကို ပါChanyeolသိသည်။
ဆိုင်ထဲရောက်တော့ပျံ့လွင့်လာတဲ့တေးသီချင်းသံကြောင့် Baekhyunကပိုလို့တောင်ရွှင်မြူးလာပြီး စားပွဲဝိုင်းတစ်ခုမှာဝင်ထိုင်ကြသည်။

"Chanyeol.. အဲ့တာငါ့သူငယ်ချင်းChennieရဲ့သီချင်း
နာမည်‌လေးက Shall Weတဲ့
အသံလေးကောင်းတယ်နော်
ငါ့Chennieလေးကတော်လိုက်တာ
တွေ့တဲ့အခါ သူ့ကိုအများကြီးချီးကျူးပေးရမယ်
ဟီးဟီး"

"အင်းပါ.. ချီးကျူးပေးလိုက်
ငါမှာပြီးပြီ
အခုတော့ဘာစားမလဲမင်းလည်းမှာလိုက်ဦး"

သူငယ်ချင်းအတွက်ဂုဏ်ယူနေပြီးကြွားလုံးထုတ်နေတဲ့ချစ်သူကို Chanyeolမနိုင်..
စားဖို့အတွက်မှာရန်ပြောလိုက်တော့ စူပုတ်ပုတ်နဲ့ကြည့်လာတာခံလိုက်ရသည်။

"Chanyeolကမှာပေးလေ..အဓိက ကတော့ ငါကသောက်ချင်တာပါဆို"

"ဒီအရက်သမားကတော့.. မူးလို့ထိန်းမနိုင်ရင် ငါထားခဲ့မှာနော်"

HE'S ✓Onde histórias criam vida. Descubra agora