Chapter 1 Unicode🔞🔞🔞

6.3K 209 4
                                    

"ချီး ...မင်းဘာလုပ်တာလဲ"

နှစ်ယောက်အိပ်ကုတင်ပေါ်တွင်ခရီးဆောင်အိတ်ထဲသို့အ၀တ်ဗီရိုထဲမှအ၀တ်များကိုသိပ်ကာထည့်နေတဲ့ကောင်လေးကိုအနောက်က‌ေနတစ်ယောက်ယောက်ကလှမ်းဖက်လိုက်လေသည်။
ဘယ်သူရဲ့အထိအတွေ့ဆိုတာသူကောင်းကောင်းသိလေတော့ခါတိုင်းလိုဘဲဆဲဆိုမိလိုက်သည်။

"ဘယ်သွားမလို့လဲ"

Gunရဲ့လက်နှစ်ဖက်ကိုOffကချုပ်ကာကိုင်ပြီးမျက်လုံးချင်းစိုက်ကြည့်လျက်မေးလေတော့အတင်းရုန်းကန်ကာသူ့ကိုလွှတ်အောင်ကြိုးစားနေတော့သည်။

"ဘာဖြစ်တာလဲ ...ငါမေးတာအရင်ဖြေလေ"

"လွှတ်ငါ့ကို"

"မလွှတ်ဘူး မင်းဘယ်သွားမှာလဲ ငါမေးတာအရင်ဖြေဦး Gun"

လွှတ်ဖို့တောင်းဆိုမှOffကGunရဲ့လက်များကိုယခင်ကထက်ပို၍တင်းတင်းကြပ်ကြပ်ကြီးချုပ်ထားလေတော့သည်။

"ငါ့ကိုလွှတ် OffJumpol"

"မလွှတ်ဘူး...."

ဟုဆိုကာဆွဲထားတဲ့လက်များကိုမလွှတ်ဘဲOffကGunကိုကုတင်ပေါ်သို့တွန်းချလိုက်လေတော့သည်။ကောင်ငယ်လေးပြေးထွက်မှာစိုးလေသဖြင့်တကိုယ်လုံးကိုGun‌အပေါ်တွင်နေရာယူကာအုပ်မိုးထားလိုက်တော့သည်။Gunရဲ့လက်တို့ကတော့ခေါင်းရင်းမှာတင်းတင်းကြပ်ကြပ်ကြီးချုပ်ကိုင်ခံထားရဆဲ။

"ဒီနေ့စာချုပ်တနှစ်ပြည့်တဲ့နေ့၊ငါမင်းနဲ့မပေါင်းနိုင်တော့ဘူး၊ကွာရှင်းမယ်"

"မင်းကွာရှင်းချင်တိုင်းငါကကွာပေးရမှာလား"

"ငါတို့တနှစ်ဘဲအတူနေမယ်လို့စာချုပ်မှာလက်မှတ်ထိုးထားတယ်လေ"

Gunရဲ့စကားဆုံးတော့OffကGunရဲ့မို့နေတဲ့ပါးနှစ်ဖက်အားတလှည့်စီမနားဘဲအဆက်မပျက်နမ်းနေတော့သည်။ပါးချိုင့်ခွက်ခွက်တို့ခိုနားရာGunရဲ့ပါးမို့မို့တို့မှာOffရဲ့နှုတ်ခမ်းအရာတို့နေရာအပြည့်ခိုနားလျက်။

"အား...ငါ့ကိုလွှတ်၊ငါ့ပါးကိုမနမ်းနဲ့"

"မင်းကငါ့မိန်းမဘဲ၊မနမ်းဘဲငါကဘာလုပ်ရမှာလဲ"

Contract For One Year ( U+Z )Where stories live. Discover now