Raindrops 1🌻

378 30 1
                                    


Author Name - Neo (Written By Neo)
Fic Name - Raindrops

❣️Unicode Version❣️

ရင်တထိတ်ထိတ်နဲ့မျက်လုံးကို ကပြာကသီဖွင့်လိုက်ပြီး ထထိုင်လိုက်ကာ အနီးမှရေခဲရေဘူးကို ဆွဲယူလိုက်သည်။ရင်ဘက်တစ်ခုလုံး ချွေးတွေအစိုသားနဲ့ ရေကိုမော့သောက်‌လိုက်ရာ အင်္ကျီပေါ်ကိုပါ ဖိတ်ကျကုန်လေသည်။အိမ်မက်ဆိုးတစ်ခုကြောင့်လား...။
အင်္ကျီပေါ်မှ ရေသီးရေပေါက်များကိုခါလိုက်ပြီး လက်ထဲမှာပတ်ထားသော အနက်ရောင် Rolexနာရီလေးကိုကြည့်လိုက်မိသည်။မနက်3နာရီ...။နာရီလေးကိုမြင်တာနဲ့ချက်ခြင်းသတိရလိုက်မိသည်က ဒယ်ဒီ...။ဒီညလည်း ဒယ်ဒီပြန်လာမည်မဟုတ်ဆိုတာစိတ်ထဲက အလိုလိုသိနေသော်လည်း ခန်းစီးလိုက်ကာလေးကို နည်းနည်းဟလိုက်ကာ ဒယ်ဒီ့အခန်းဆီကိုကြည့်လိုက်မိသည်။ညအိပ်ရင် အခန်းမီးဖွင့်ထားမှအိပ်တတ်သော ဒယ်ဒီ့အခန်းက မီးပိတ်နေပါသည်။ထင်တဲ့အတိုင်းပါပဲ...။

ו•×••×••×••×••×••×••×••×••×••×••×••×••×••×••×••×••×

စားပွဲခုံပေါ်သို့ အိမ်အကူအဒေါ်ကြီး ကြီးမေက ဟင်းပွဲတွေတစ်ပွဲချင်းဆီလာချပေးနေသည်။ကြီးမေကို နွေဦးသတိမထားမိ။လက်ထဲမှ နာရီလေးကိုသာ တစိမ့်စိမ့်ကြည့်နေမိသည်။ထိုနာရီလေးက နွေဦး၁၇နှစ်ပြည့်မွေးနေ့တုန်းက ဒယ်ဒီဝယ်ပေးခဲ့တဲ့ နောက်ဆုံးပေါ်Rolexနာရီ နွေဦးအကြိုက်အနက်ရောင်လေးဖြစ်သည်။အတော်လေး ဈေးကြီးသည်ထက် ဒယ်ဒီ့ဆီမှ ပထမဆုံးရဖူးသော မွေးနေ့လက်ဆောင်ဖြစ်သောကြောင့် နွေဦး အရမ်းယုယပြီး မြတ်နိုးမိသည်။

"နွေဦးရေ ထမင်းစားလို့ရပြီသား..."

"အော် ဟုတ် ကြီးမေ"

နွေဦးက ထမင်းစားဝိုင်းမှ ဒယ်ဒီရဲ့ ခုံနေရာကိုကြည့်ရင်း...

"မနေ့ကဒယ်ဒီပြန်မလာဘူးမလား ကြီးမေ"

နွေဦးရဲ့စကားဆုံးသည်နဲ့ ကြီးမေမျက်နှာနည်းနည်းပျက်သွားပြီး...

"ဟို အဲ့တာကလေ...အင်း"

ကြီးမေ ဖြေရခက်နေပုံကိုကြည့်ပြီး ဒယ်ဒီပြန်မလာဘူးဆိုတာ 100%အတည်ပြုလိုက်သည်။

"ဦးဇော်ရော... သားကျောင်းသွားတော့မယ်"

"ဟယ် မနက်စာစားမသွားတော့ဘူးလား"

RaindropsDonde viven las historias. Descúbrelo ahora