ပုံပြောသူ ထိုလူစိမ်း(ပုံပြောသူ ထိုလူစိမ်း)

540 59 10
                                    

Author note‌လေး ဖတ်ပေးကြပါနော်💜💜

___________________________________

ဂိုလျောပြည်, မြို့တော်ပြုံးယမ်း,

မြို့တော်၏ မီးထိန်ထိန်လင်းသော လမ်းမတွေသည် ပိုးဖဲကတ္တီပါများ သားနားလှပစွာ ဝတ်စားဆင်ယင်ထားသော မြို့တော်သူမြို့တော်သားများ၏ ကျက်သရေကို ပိုမိုတောက်ပြောင်အောင် မီးမောင်းထိုးပေးနေပေသည်။အရာရှိအရာခံ အိမ်ကြီးအိမ်ကောင်းများမှအစ လမ်းကြိုလမ်းကြားမှ ဆင်ခြေဖုံးအိမ်လေးများအထိ အိမ်တိုင်းသည် ပုံစံအမျိုးမျိုးသော လက်လုပ်မီးအိမ်လေးများနှင့် ထိန်လင်းလျက်။ နန်းတော်နှင့် အနီးဆုံးတွင် ရှိသော အမတ်ချုပ်ကြီး၏ အိမ်တော်ဝတွင် မီးငှက်ပုံ မီးအိမ်များက စီရရီ။သမီးငယ် မမလေး၏ အဆောင်တွင်တော့ လိပ်ပြာပုံမီးအိမ်လေးများက စီတန်းလျက်။လက်လုပ်စားအရပ်မှ မောင်နှမနှစ်ယောက်၏ အိမ်လေးတွင်တော့ ပုံစံကောင်းကောင်း မပေါ်ချင်သော လေးထောင့်စက္ကူပုံ မီးအိမ်လေး စသဖြင့်။

မှန်ပေသည်။ယနေ့သည် ဂိုလျောပြည်၏ မီးထွန်းပွဲတော်ပင် ဖြစ်သည်။ဆောင်းအကုန် နွေအကူးကာလ၏ အလှပဆုံးနှင့် အစည်ကားဆုံးသော ပွဲတော်ပင် ဖြစ်၏။

အုတ်လမ်းမနံ‌ဘေးတွင် ‌နေပြည်တော် လှပသာယာရေးအတွက် ဝေဝေဆာဆာ စိုက်ပျိုးထားသော အရိပ်ရသစ်ပင်ကြီးများ၏ ရွက်သစ်လဲစပြုနေသည့် လိမ္မော်ခြောက်ခြောက်အသွေးကလည်း မြို့တော်၏ အလှကို တစ်မျိုးတစ်ဖုံ ထောက်ပံ့ပေးသလို လမ်းမကြီးများပေါ်တွင် ပေါများစွာ တွေ့ရသည့် မက်မွန်ပင်နှင့် ချယ်ရီပင်များ၏ ပန်းသွေးဖြူရောင် ပန်းဆုပ်ပန်းခိုင်များကလည်း ကြည်နူးဆွတ်ပျံ့ဖွယ် ကောင်းလှပေသည်။၎င်းပြည့်စုံလှသော ညနေခင်းကို အလှပေါ် အယဉ်ဆင့်စေသည်မှာ မိုးသားကင်းစင်ကြည်လင်နေသော ကောင်းကင်ယံထက်မှ လပြည့်ဝန်းကြီးပင် ဖြစ်သည်။သို့သော် လူသားတို့သည် လရောင်၏ အေးမြသော အလင်းရောင်ကို သတိမမူမိပါဘဲ လက်လုပ်မီးရောင်များ တထိန်ထိန်ညီးနေသော ဈေးတန်းကြီးတွင် သူ့ကိုယ်ငွေ့ကိုယ့်ကိုယ်ငွေ့ဖြင့် တိုးဝှေ့သွားလာနေကြကုန်သည်။

The Unfinished Diary of an Infamous MuseWhere stories live. Discover now