စာစဉ် ၅ (၁၁-၁၆)
Start from the beginning
“မင်း ငါ့ဘ၀ထဲ ၀င်လာတာကိုက ပြဿနာပဲ”
ချင်းကျီအိုက်ရဲ့လက်ကိုပြန်ဆွဲပြီး ကားနားကို
ထပ်လျှောက်လာချိန် နာကျင်မှုက ပြင်းထန်လာတာမို့
တုန်ရီလာပြီး ခြေထောက်တွေပင် ထပ်မရွေ့နိုင်တော့ ... ရုတ်တရက်ဆိုသလို ပျို့တက်လာတာကြောင့် ဂူယူရှန်း
အသံကြားပြီး ရုတ်တရပ် ရပ်ကာ လှည့်ကြည့်လိုက်သည် ။
ကားပါကင်၏ မိန်ဖျဖျအလင်းရောင်အောက်တွင်
သူမလေးမျက်နှာက ဖြူဖျော့လို့နေကာ နဖူးမှာ ချွေးတွေ
စို့နေ၏ ။
ဂူယူရှန်း မျက်မှောင်ကျုံ့ပြီး ချင်းကျီအိုက်ကို ဆွဲထူကာ ကြည့်လိုက်တော့ တော်တော်နေမကောင်းဖြစ်နေပုံပင် ။
“ဘာဖြစ်လို့လဲ”
ချင်းကျီအိုက် လက်ခါပြပြီး မျက်လုံးတို့ကို မှိတ်ထားလိုက်၏ ။
“ဘာမှ မဖြစ်ဘူး”
အသံကား တိုးလ်လ်....
“အဆင်ပြေတယ် .. ဒါကို အဆင်ပြေတယ်လို့ ခေါ်လားကွ”
ဂူယူရှန်း စိုးရိမ်စိတ်ကြောင့် အသံမြင့်လာပြီ ။
ရှောင်ဝမ်ကို ဖုန်းခေါ်လိုက်တော့သည် ..
“ရှောင်ဝမ် ကားအသင့်ပြင်ထား ငါတို့ဆေးရုံကို သွားရမယ်”
--------------------------------------------------------------------
စာစဉ် ၅၊ အခန်း ၁၂။ လျှို့ဝှက်ဆန်းကြယ်တဲ့စာတစ်စောင် (2)
ဂူယူရှန်းရဲ့အော်သံကို ကြောက်နေပေမည့် နာကျင်မှုကြောင့် ချင်းကျီအိုက် ညည်းသံသဲ့သဲ့ ထွက်နေခဲ့သည် .. နာကျင်မှုကို
အံတုပြီး ဂူယူရှန်းရဲ့ အင်္ကျီလက်အစွန်းကို ဆွဲကာ
အားလျော့စွာ စကားပြောလိုက်သည် ။
“ဆေးရုံမသွားချင်ဘူး အိမ်ပြန်မယ် .. ရာသီလာတိုင်း
ဒီလိုဖြစ်နေကျ .. ”
သူမ ရှက်တာကြောင့် နောက်ဆုံးစကားကို ကြားရုံမျှ တိုးတိုးလေးပြောလိုက်တာကြောင့် ဂူယူရှန်းက
မကြားလိုက်ပဲ ထပ်မေးသည် ။
“ဘာရယ်”
သူက မေးပြီး သူ့မျက်နှာကို သူမ နှုတ်ခမ်းနား
တိုးကပ်လိုက်တာကြောင့် သူ့ရဲ့နားရွက်နဲ့
ချင်းကျီအိုက်နှုတ်ခမ်းနဲ့ ထိသွားခဲ့သေးသည် ။