"မရှိတော့ပါဘူး...ဒါပါပဲ"

"အဲဒီဖက်ကို ကောင်းကောင်းစောင့်ကြည့်ထားလိုက်"

"ကောင်းပါပြီ"

Mr.ချင်နဲ့ဖုန်းပြောလို့ပြီးတော့ ချန်တဲ့ခမျာ စုပေနဲ့စုရှောင်ပေါင်အတွက် ဘာလုပ်ပေးရမှန်းကို မသိတော့ဘူးဖြစ်နေတယ်။ ဒါဆို သူဌေးကဘာဖြစ်ချင်နေတာလဲ? ချန်တဲ့ ကူကယ်ရာမဲ့စွာနဲ့ပဲ သူ့မိုဘိုင်းဖုန်းကို ဆုပ်ကိုင်ထားမိတော့တယ်။

သို့သော်လည်း နောက်တစ်ရက်မှာတော့ ချင် Group မှာသူ့အလုပ်တွေ ပြီးသွားတာနဲ့ ချန်တဲ့က ကျင်းယွမ်စံအိမ်ကို သွားလိုက်တယ်။

-----

မနေ့ကလိုမျိုး 'အေးစက်စက်' ခွဲခြားဆက်ဆံမခံရတော့ပဲ ဒီနေ့တော့ စုပေက ချန်တဲ့ကိုတွေ့တာနဲ့ အရမ်းကိုတက်ကြွနေတယ်ဆိုတာ သိသာလွန်းလှတယ်။ အမြဲတမ်းလိုလို မျက်နှာသေနဲ့ ဘေးမှာနေလေ့ရှိတဲ့ ကောင်ငယ်လေးတောင်မှ ဒီနေ့မှာတော့ သူ့ရဲ့ဖုံးကွယ်ထားတဲ့ မျှော်လင့်ချက်ရောင်ခြည်လေးတွေကို ထုတ်ပြလို့နေလေတယ်။ ဒီကလေးနှစ်ယောက်ရဲ့ မျှော်လင့်နေတဲ့မျက်လုံးတွေကို မြင်လိုက်ရတော့ ရုတ်တရက်ပဲ ချန်တဲ့မှာ သူတို့စိတ်ပျက်သွားမှာကို မခံစားနိုင်တော့ဘူး။

"ဦးလေး မနေ့က Mr.ချင်ကို သမီးမေးခိုင်းတဲ့ကိစ္စ ပြောပြီးသွားပြီ"

စုပေမျက်လုံးတွေက ရုတ်တရက်ပင့်တက်သွားပြီး : "တကယ်ကြီး? အဖေဘာပြောလဲဟင်?"

ချန်တဲ့ : "....."

မင်းတို့အဖေက ဘာမှမပြောဘူး...'ဟင်' ဆိုပြီး အဖြေတိုတိုလေးပဲပေးသွားတာလေ...နောက်ကျန်တာကိုတော့ ငါခန့်မှန်းနေတုန်းပဲ။

"တကယ်တော့ Mr.ချင်က S မြို့ကနေ ပြန်မလာနိုင်သေးတဲ့အချိန်မှာတော့ အခုကိစ္စကို သူဆုံးဖြတ်ပေးနိုင်အုန်း မှာမဟုတ်ဘူး။ မင်းတို့ကျောင်းသွားဖို့လိုတယ်ဆိုရင် ဦးလေးက သာမန်ကျောင်းတစ်ကျောင်းကို ဆက်သွယ်ပေးပြီး သူတို့ဆီမှာ ယာယီအတန်းတက်လို့ရမလားလို့ မေးကြည့်ပေးမယ်လေ" ခဏလောက်စဉ်းစားလိုက်ပြီးမှ ချန်တဲ့က သူတို့ကို ဒီအဖြေပဲ ပေးလိုက်ရတော့တယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Место, где живут истории. Откройте их для себя