"သူက....ဖလော်ရာတဲ့
အချစ်....အမေရိကန်မှာကျောင်းတက်နေတာလေ....မောင့်အသိပါ"

အသိတဲ့လား။အသိဆိုရုံနဲ့မောင့်ခါးပေါ် သူမလက်က ဘာလို့ရောက်နေရတာလဲ။

"သူက မောင့်ရည်းစားဟောင်းပါ"

ရိပေါ်က မောင့်ရင်ခွင်ထဲကနေ သူမကိုလှမ်းကြည့်လိုက်တော့ စူးရှရှမျက်ဝန်းတွေကို တွေ့ရသည်။သူ့ကိုမလိုတဲ့အကြည့်တွေနဲ့ ကြည့်နေတာမို့ မောင့်ရင်ခွင်ထဲကိုသာ တိုးဝင်ရင်း သူ့အပိုင်ဖြစ်ကြောင်း သက်သေပြရသည်။

"တို့က ကလေးရဲ့ ရည်းစားပဲ....မင်းက ကလေးရင်ခွင်ထဲ နောက်မှဝင်ရတဲ့သူပါ...သ်ပ်ပြီးမာန်တက်မနေပါနဲ့.... ပြီးတော့ မင်းက ဆက်ခံသူလည်း မရနိုင်ဘူးလေ..."

"တော်တော့ ဖလော်ရာ....မင်းထွက်သွားသင့်ပြီ....ကျွန်တော့်အတွက် ဆက်ခံသူမလိုဘူး....အချစ်ရှိရင်ရပြီ....ဆွဲမထုတ်မိခင် သွားတာအကောင်းဆုံးပဲ"

ခါးပေါ် ရောက်နေသည့် အချစ်ရဲ့လက်တွေက သိသိသာသာ လျှော့ကျသွားတာမို့ ရှောင်ကျန့်က ဖလော်ရာကို အမြန် နှင်ထုတ်ရသည်။

"ခနဖလော်ရာ....မင်းကမောင့်ရင်ခွင်က အရင်လူဆိုရင်တောင် လက်ရှိမှာငါက မောင့်ရင်ခွင်ထဲကလူပဲ... မောင်လိုချင်လွန်းလို့ကားတင်ပြေးထားတဲ့လူနော်....တစ်ချို့လို မရမကတွယ်ကပ်နေရတာမဟုတ်ဘူး"

"ဘာ...မင်း....မင်း"

ဖလော်ရာက ရိပေါ်စကားတွေကို အထိနာသွားပုံပါပဲ။ဖလော်ရာရဲ့ လက်တစ်ဖက်က ဒေါသတကြီးမြောက်တက်လာပေမယ့် ရိပေါ်စိတ်မပူဘူး။မောင်ရှိနေသရွေ့ ရိပေါ်က လုံခြုံမှာဆိုတာ သိနေတာမို့။

"ဖလော်ရာ!"

"တောက်! ရှောင်ကျန့် မင်းကို မချစ်တဲ့သူအတွက် ငါ့ကိုလာမအော်နဲ့....အရင်ပြန်မေးကြည့်....မင်းကိုသူချစ်ရဲ့လားလို့"

ဖလော်ရာက တောက်တစ်ချက်ခေါက်ကာ အခန်းထဲက ထွက်သွားတာမို့ ရိပေါ် မောင့်ရင်ခွင်ထဲက ထွက်လိုက်ပြီး ဆိုဖာပေါ်သာ သွားထိုင်နေမိသည်။တစ်ကယ်ပဲ သူကမောင့်အတွက် ကလေးမမွေးပေးနိုင်ဘူး။ချည်နှောင်စရာကလေးရှိတဲ့ အိမ်ထောင်ရေးတွေတောင်ပြိုကွဲသေးတာ....မောင်နဲ့သူ့ရဲ့အိမ်ထောင်ရေးကရော။မောင်ကရော သူ့လို ယောကျာ်လေးတစ်ယောက်ကို ဘယ်အတိုင်းအတာထိ ချစ်ပေးနိုင်မှာလဲ။

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now