Baekhyunယူကြည့်လိုက်တဲ့အခါ.. သူညက မတော်တဆလဲမလိုဖြစ်သွားလို့JaeHoကထိန်းပေးလိုက်တာကို ရိုက်ထားတဲ့ဓာတ်ပုံတွေဖြစ်သည်။
ကြည့်တာနဲ့အထင်လွဲစရာလည်းကောင်းနေခဲ့သည်။

"ဒါတွေက"

"Hyungနဲ့ ကျွန်တော့်ပုံတွေလေ"

"ဘယ်.. ဘယ်ကရလာတာလဲ"

JaeHoကရယ်နေပြီး တုန်လှုပ်နေပေမဲ့လည်း ဘာမှမဖြစ်သလိုဟန်ဆောင်နေတဲ့Baekhyunကိုပတ်လျှောက်နေသည်။

"BaekhyunHyungလန့်သွားတယ်မလား.. ဒီပုံတွေကိုတစ်ယောက်ယောက်ကသာမြင်သွားရင် အထင်လွဲစရာကြီးနော်"

ရုတ်တရက်ချော်သွားတာကို ပြုတ်ကျမသွား‌အောင်ကိုယ်ကိုထိန်းထားပေးလို့ ကျေးဇူးတင်စကားပြောနေတဲ့အချိန် Baekhyunက JaeHoကိုပြုံးပြီးကြည့်နေတဲ့ပုံက ဘာမှမသိတဲ့လူတစ်ယောက်အနေနဲ့ တကယ်ကိုတမျိုးတမည်ထင်သွားဖို့အသင့်တော်ဆုံးပင်။

"Dr.Parkမြင်ရင်ကော.. ဘယ်လိုတုံ့ပြန်မလဲသိချင်လိုက်တာ"

"KimJaeHo!!"

"ဓာတ်ပုံတွေကတကယ်လှတယ်နော်.. ဒါပေမဲ့BaekhyunHyung ထိတ်လန့်နေပုံကပိုပြီးလှတယ်"

Baekhyun JaeHoလက်ထဲကပုံကိုလုလိုက်တော့ JaeHoကရှောင်လိုက်တဲ့အခါ အရှိန်နဲ့အစွန်နားရောက်သွားခဲ့ရသည်။

"BaekhyunHyung..
လူတစ်ယောက်ကိုချစ်မိသွားတဲ့အခါ သူချစ်မိတဲ့လူကိုပိုင်ဆိုင်ဖို့ကြိုးစားတာကအပြစ်လား"

Baekhyunအစွန်နားမှာမို့အလယ်ဘက်လာဖို့လုပ်တော့JaeHoကခွင့်မပြုဘဲ ရှေ့တည့်တည့်ပိတ်ရပ်လာသည်။

"လူလယ်ခေါင်မှာအရှက်ကွဲသွားတဲ့မိန်းကလေးတစ်ယောက်ရဲ့သိက္ခာအတွက် ဘယ်လိုနည်းနဲ့ကျေအေးပေးသင့်လဲ
ကိုချစ်တဲ့သူကိုလုယူခံလိုက်ရတဲ့ခံစားချက်က တော်တော်လေးနာကျင်ရမှာပဲ
Hyungကော Hyungချစ်တဲ့သူကိုလုယူခံဖူးလား"

"ဘာ..  ဘာတွေပြောနေတာလဲ.. မင်းပြောနေတာတွေကို.. ငါ ငါတစ်ခုမှမသိဘူး"

"ဟား... ဟား... ဟား"

JaeHoကတိုးလာတိုင်း Baekhyunအနောက်ကိုဆုတ်မိနေပေမဲ့ အစွန်နားကပ်သည်ထပ်ကပ်လာလေလေ Baekhyunပိုပြီးကြောက်လာခဲ့ရသည်။
ဆေးရုံအမိုးထပ်မှာ လေယာဉ်ရပ်ရာနေရာဖြစ်တဲ့အတွက် လှည့်ကြည့်လိုက်ရင်ကို အောက်မှာသွားနေတဲ့ကားတွေကိုပင်ရှင်းရှင်းလင်းလင်းမြင်နေရပြီ။

HE'S ✓Where stories live. Discover now