နောင်ရိုးတို့ကို ရွံသလိုရှာသလိုနဲ့ မဲ့ရွဲ့လိုက်တာကို ရှင်းရှင်းလင်းလင်း မြင်ဖြစ်အောင် ဖြစ်လိုက်သေးတယ်.. ပြီးမျက်ဝန်းတစ်စုံက အလိုမကျမှုတွေ ခနဲ့မှုတွေ နှိမ်သလိုတွေ အရိပ်ယောင်တွေ အကုန် မြင်နေရသည်..

" ဟင် ကို ဘာဖြစ်လို့လဲ.. "

နမ်းနေရင်းက ရုတ်တရက်ကြီး ရပ်တန့်သွားတဲ့ကို့ကြောင့် သဲမေးခွန်းထုတ်မိသည်..။

" ဘာမှမဟုတ်ဘူး "

ခပ်တင်တင်ပြန်ပြောပြီး ရှေ့က အအေးခွက်ကိုယူကာ တစ်ခွပ်အားရပါးရသောက်ချနေလိုက်တဲ့ ပုံကို သဲ ပြန်ကြွေရပြန်သည်.. ။

သို့သော် ကို့ရဲ့အကြည့်တစ်စုံက မျက်စောင်းထိုးက အမတစ်ယောက် ဆီမှာ..

" မောင် ရောက်တာကြာပြီလား "

အသံကြောင့် အပြင်ဘက်ကြည့်နေတဲ့ အကြည့်ကို လွှဲရင်း မြင်လိုက်ရပြန်ပြီ.. ထောင့်မကျိုးတဲ့အကြည့်တစ်ခု

မောင့်ကို မျက်တောင်မခတ် ပြူးပြဲကြည့်နေလိုက်တာ.. ဘေးကကောင်မလေးကိုမှ မအားမနာ

စည်းမရှိတဲ့ အဲ့မျက်ဝန်းတွေကိုက မုန်းချင်စရာ..။

" မောင် ဟဲ့.. မောင် "

မောင့်မျက်လုံးရှေ့ လက်ကာယမ်းပြနေတဲ့ ထွန်းကြောင့် အကြည့်ကို ထွန်းဆီမှာပဲအပ်လိုက်သည်..

" အဟက် "

သူနဲ့ကိုယ်မသိပေမယ့် ဘလိုင်းကြီး မျက်စောင်းထိုးသွားတဲ့ ကောင်မလေး ကြောင့်.. နောင်ရိုး ခနဲ့တဲ့တဲ့ နှုတ်ခမ်းတွန့်ရယ်မိသည် ။

ထိုးသွားတဲ့မျက်စောင်းက အလိုမကျတဲ့မျက်စောင်းဆိုတာ အရှင်းသားကြီး.. ဒါပေမယ့် အဲ့မျက်စောင်းက သိပ်လှသည် ။

" မောင် နင်ဘယ်ကြည့်နေတာလဲ.. "

" ဘာမှမဟုတ်ပါဘူး.. ထွန်း နင်ကလည်း ကြာလိုက်တာ ခဏနေ ငါရုံးပြန်ဆင်းရမှာ နင်သိရဲ့သားနဲ့ "

" ဆောရီးပါဟာ.. လမ်းပိတ်နေလို့ "

" ဟွန့် အပိုပါနော်.. အချိန်လေးနီးကပ်မှ ထလာတာ မသိဘူးမှတ်နေလား "

" ဟဲဟဲ.. အရမ်းသိသာနေလား "

" နင့်အကြောင်း မောင်တို့က ခရေစေ့တွင်းကျ အကုန် သိနေပြီ.. "

သားကောင်Where stories live. Discover now