သို့​သော်​လည်း​ဘေးက​ကောင်​​လေးကမည်​သူနည်း......။

ဒါမှမဟုတ်​Rioမှာသား​ရှိ​နေတာလား.......။

မဖြစ်​နိုင်​​ချေ.....သူ့ကဲ့သို့​အောင်​မြင်​သည့်​စီးပွား​ရေသမားတစ်​​ယောက်၌သားရှိသည်​ဟုဆိုလျှင်​လဲ...မိမိသိလိမ့်​မည်​.......။

Sinအင်​တာဗျူးလာ​ဖြေမယ်​ဆိုပြီးရပ်​​နေ​သောဇာတ်​လိုက်​မ​ကြောင့်​.....
" ဒီမှာဗျ....အင်​တာဗျူး​ဖြေလို့ရပြီ.."

ထိုအခါမှသတိဝင်​လာသည့်​နှယ်​......။

" ဪ..ဟုတ်​ကဲ့."

Jemyမိမိအားစကား​ပြောသည့်​​ကောင်​​လေးမှာမိမိထက်​ငယ်​သူဖြစ်​​သော်​လည်းယခုလိုRioအနားရှိ​နေပုံ​ပေါ်လျှင်​သူ့အတွက်​အ​ရေးကြီးသည့်​သူဖြစ်​မည်​ဟု​တွေးကာရိုရို​သေ​သေပင်​ပြန်​​ဖြေလိုက်​သည်​......။

မဟုတ်​တာလုပ်​မိလျှင်​အလုပ်​မလုပ်​ရ​သေးပဲပြုတ်​နိုင်​သည်​မဟုတ်​လား......။

မိမိအလုပ်​ပြုတ်​၍​တော့မဖြစ်​......။
စစ်​မတိုက်​ခင်​တည်းကမြှားကုန်​၍မ​ကောင်း........။

မိမိအတွက်​ယခုအချိန်​သည်​​ငွေအလို​နေဆုံးအချိန်​ပင်​.....။

Jemyထိုလူနှစ်​​ယောက်​၏အ​ရှေ့တွင်​ဝင်​ထိုင်​လိုက်​သည်​........။

" ကျွန်​မနာမည်​Jemyပါ....အတွင်း​ရေးမှူးရာထူးအတွက်​လာ​လျှောက်​တာပါ...."

*****************************************

RioထိုJemyဆိုသူသူမဝင်​လာတည်းကသတိထားမိသည်​.....။

ဘာကိုအလိုမကျသည့်​ဟန်​​ပေါ်​နေလဲ​တော့မသိ​ချေ.....။

သို့​သော်​လည်း....မိမိရင်းနှီး​နေသည့်​မျက်​ဝန်းတစ်​စုံ​ကြောင့်​...ဒီအတိုင်းသာ​ငေးကြည့်​​နေလိုက်​သည်​.....။

မိမိယခုလိုအတွင်း​ရေးမှူးအင်​တာဗျူး​ခေါ်သည်​ဆိုမှာလဲ...​ပေါက်​စအလုပ်​စလုပ်​မည်​ဖြစ်​၍​ခေါ်ခြင်းသာ.....။

ပေါက်​စ၏အလုပ်​အားကူညီ​ပေးနိုင်​ရန်​......။

ပေါက်​စကိုယဉ်​ယဉ်​​ကျေး​ကျေးပြန်​​ပြော​နေသည့်​သူမ​ကြောင့်​မိမိ​ကျေနပ်​မိသည်​......။

Devil System(U+Z)Where stories live. Discover now