အသက်က သုံးဆယ်နား ကပ်လာလို့လားမသိ ရေသောက်တာတောင် ဗိုက်က ဖောင်းဖောင်းလာတာ ....ဒီလိုစားပြီး သူများတွေလို ရေကူးတာလည်း မဟုတ်ဘဲ အခန်းထဲပဲ အောင်းနေလို့ကတော့ ဘုတ်ထိုင်းကြီးဖြစ်မှာ မြင်နေသယောင်...

ထို့ကြောင့် သရေစာနဲ့ဝေးဝေးမနေနိုင်တဲ့ တခေတ်တစ်ယောက်ကတော့ လမ်းလေးတော့ လျှောက်လိုက်ရတော့၏။ လမ်းလျှောက်နေရင်းနဲ့ ပါးစပ်ကပဲ အစာစားသည်မဟုတ် ရေကူးနေသော နတ်မိမယ်လေးတွေထံ တကြည့်ကြည့်ဖြင့် မျက်စိကိုလည်း အာဟာရပြည့်ဝစေရန် မမေ့လျော့ခဲ့ပေ။

ထိုကဲ့သို့ မျက်စိအစာကျွေးလိုက် ပါးစပ်အစာကျွေးလိုက်ဖြင့် ၄ရက်တာခရီးစဥ်က တခေတ်အတွက်တော့ အတော်အတန် ပျော်ဖို့ကောင်းခဲ့ပါ၏။
.
.
.
.
.
ခရီးက ပြန်လာလာချင်း ခရီးဆောင်အိတ်ပင် မချရသေးပဲ အိမ်ဝကပင် အမေ့ရဲ့ဆီးကြိုစကားက ရင်ဝတည့်တည့်ကို ကန်ထည့်လိုက်သလိုပင်...

"ငါ့အိမ် မလာနဲ့!!!...ကိုယ့်ယောကျာ်းအိမ် ကိုယ်ပြန်!!!သွား!!!"

". ....."

"ငါ့မှာတော့ ငါ့သားလိမ္မာလှချည်ရဲ့...ကျူရှင်က ဆရာ/ဆရာမတွေနဲ့ ခရီးသွားတာပဲဆိုပြီးတော့ လမ်းခရီးမှာစားဖို့ မုန့်ပဲသရေစာ စုံစီနဖာထည့်ပေးလိုက်ရတာ!!! သူက သူ့ယောကျာ်းနဲ့ ခရီးအတူသွားတာတဲ့တော်!!!ငါ့မှာ အရူးမကြီးကိုဖြစ်လို့!!!"

"မေမေ ....ဘာတွေပြောနေတာလဲ??"

". ....."

"မမ...ငါက ဘာဖြစ်လို့...ဟာ...ဘာတွေလဲ မမ ငါ့ကိုရှင်းအောင်ပြောစမ်းပါ..."

သူပြောချင်ရာ ပြောပြီးတာနဲ့ ငိုပြီးရင်း ငိုနေသော အမေဖြစ်သူကြောင့် အစ်မဘက်ကို တခေတ် ဦးတည်ပြီး မေးလိုက်ရ၏။

"မေမေပြောသလိုပဲလေ.....ငါကဘာတွေကို ရှင်းအောင်ထပ်ပြောရဦးမှာလဲ တခေတ်ရယ်"

အစ်မဖြစ်သူကပါ ပြောရင်း ငိုချင်သလိုလိုဖြစ်လာတာကြောင့် တခေတ် ပေါက်ကွဲပြစ်လိုက်ချင်မိတော့သည်။ အကြောင်းအရင်း ဘာမှလည်း ရေရေရာရာ မသိရပဲ အိမ်ပေါ်ကချည်း နှင်ချခံရတာက မဖြစ်သင့်ပေ။

ဒီ့ထက် မဖြစ်သင့်တာက ရိုးရိုးတန်းတန်း ငါ့အိမ်ပေါ်က ဆင်းဆိုပြီး နှင်ချတာ မဟုတ်ဘဲနဲ့ ကိုယ့်ယောကျာ်းအိမ် ကိုယ်ပြန်တဲ့ ....မှားပြောတာနေပါလိမ့်မယ်...ဘယ်နှဲ့ ကိုယ့်ယောကျာ်းအိမ်ဖြစ်ရမှာတုန်း ဖြစ်ချင်းဖြစ် မိန်းမအိမ်ဖြစ်ရမှာ မဟုတ်ပေဘူးလား?

AllUWhere stories live. Discover now