မျက်ဝန်းတွေပွင့်မလာခဲ့တဲ့ ရှောင်ကျန့်ကို
ရိပေါ် နှိုးလိုက်မိတယ်။
"ထတော့ မင်းကိုယ်ကို သန့်ရှင်းလိုက်အုံး."

ဒါပေမဲ့ မျက်လုံးတွေပွင့်မလာတာကြောင့်
ရိပေါ်စိတ်ထဲ စိုးရိမ်သွားပြီ ရှောင်ကျန့်ရဲ့
ကိုယ်ကို ကိုင်လှုတ်ကာ..

"ရှောင်ကျန့်.... ရှောင်ကျန့်..''
''ဟာကွာ..ပျော့လိုက်တာ မင်းက.."

ဒါနဲ့ပဲ..သူကိုယ်တိုင်ပဲ ရှောင်ကျန့်ရဲ့ကိုယ်ပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး အဝတ်အပိုထဲက တချို့ကိုရှာပြီး သင့်တော်မဲ့အင်ကျီဝတ်ပေးထါးလိုက်တယ်။

ပြီးတာနဲ့ ကျင်ရီဆီဖုန်းဆက်လိုက်တယ်.

"ကျင်ရီ.."
''မိသားစုဆရာဝန်ခေါ်ပြီး ငါ့ရုံးခန်းဆီလာခဲ့။''

"ဟုတ်ကဲ့..အကိုလေး.."

ရှောင်ကျန့်ကတော့ သူ့သူဌေးရဲ့ဖျက်ဆီးခြင်းခံလိုက်ရပါပြီ..
သူ့အပေါ်မရိုးသားခဲ့တဲ့ အတ္တခပ်ကြီးကြီး
သူဌေးလေးက သူ့ကိုဘယ်လိုလုပ်ပြီး
တာဝန်ယူမှာလည်း။သူ့အပေါ် မုန်းနေခဲ့မိတာလေ..သူ့ရဲ့ချစ်သူ သေရတာ ကျန့်ကျန့်ကြောင့်ဆိုပြီး စွပ်စွဲထားတာလေ..
ဘယ်လိုလုပ်ပြီး အစားထိုးချစ်ပေးပါ့မလည်း..

ဆိုဖာပေါ် တင်ထားတဲ့ ရှောင်ကျန့်ကို စိမ်ပြေနပြေ ထိုင်ကြည့်နေရင်း ဘိန်းဖြူတချို့ကို ရှူရှိုက်လိုက်လေတယ်။
နှာခေါင်းကို လက်ဖြူဖြူသွယ်သွယ်တွေနဲ့
ပွတ်ဆွဲလိုက်ပြီး သူ့ရဲ့အသက်ရှူသံတွေက..
ပုံမှန်မဟုတ်ခဲ့ပေ...

နောက် ရေအေးအေးတခွက် ခပ်လာပြီး
ရှောင်ကျန့် မျက်နှာပေါ် လောင်းချလိုက်တော့...မျက်လုံးတွေဖွင့်ကြည့်လာပြီး
ပြန်ပိတ်သွားတဲ့ ရှောင်ကျန့်...

အားအင်တွေကမရှိသလောက်.. လုံးဝမထနိုင်တဲ့ ရှောင်ကျန့် ကိုယ်ကို ကောက်ပွေ့လိုက်ပြီး..
''ဘာလဲ ငါမင်းအပေါ် ဒီလိုလုပ်လိုက်လို့
ငါ့ကို အသည်းနုသွားပြီလို့ မထင်လိုက်နဲ့..
မင်း ငါ့အကြောင်း မကြာခင်ကာလတွေမှာ
ဒီထက်ပိုပြီး သိရမယ်မှတ်။''

ဒီစကားလုံးတွေကြားရုံနဲ့တင် မျက်ရည်တွေက မျက်ခမ်းထောင့်ကနေ တားဆီးခွင့်မရှိအောင် ကျလာပြန်တော့တယ်။
ရှောင်ကျန့် စကားတွေဆက်မပြောနိုင်တော့ပြီ..

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now