မျက်လုံးတွေကို လက်နှင့်ပွတ်နေပြန်တာမို့ ရှောင်ကျန့်က ထိုလက်ကလေးတွေကို အုပ်ကိုင်လိုက်ရင်း တဖွဖွနမ်းမိပြန်သည်။ အိပ်မှုန်စုံဝါးပုံစံလေးကတောင် ရှောင်ကျန့်အတွက် ဆွဲဆောင်မှုရှိနေပြန်သည်။

"ဖယ်....ငါ့ကိုမထိနဲ့"

သူ့လက်တွေကို ဖယ်ချလိုက်ပြီးထထိုင်လိုက်တဲ့အချစ်က "နာလိုက်တာ"လို့ ရေရွတ်ရင်း မျက်နှာက ရှုံ့မဲ့သွားရသည်။

"မောင်ချီပြီး ပို့ပေးမယ်နော်...တောင်းပန်ပါတယ် အချစ်ရာ"

"မလိုဘူး....ငါ့ကိုသာလာမထိနဲ့"

ကုတင်ပေါ်က ခြေ ချလိုက်ရုံနဲ့ ကျောရိုးက သိသိသာသာအောင့်လာရတာမို့ ရိပေါ်က အလိုလိုပင် မြို့ကြီးသားကို မျက်စောင်းထိုးမိသွားရသည်။ဟန်ကိုယ့်ဖို့ လုပ်နေရပေမယ့် သူနာနေတာ သူအသိဆုံးမို့ အရှက်ပြေချောင်းဟန့်ပြီး မြို့ကြီးသားကို ရေချိုးခန်းထဲ ပို့ခိုင်းရသည်။

"အဟမ်း!....ငါ့ကို ရေချိုးခန်းထဲ လိုက်ပို့"

အချစ်နိုးရင် အဆင်သင့်ဖြစ်အောင်စပ်ပေးထားတဲ့ရေနွေးကန်လေးထဲမှာ သေချာ ချပေးခဲ့ပြီး သူကတော့ အချစ်ဝတ်ဖို့ အဝတ်တွေကို လိုက်ဖက်အောင် ထုတ်ပေးထားသည်။မာရီယားနားနဲ့လုပ်ထားတဲ့ ကွတ်ကီးနဲ့ နွားနို့ပူပူလေးသူယူပြီး ပြန်လာတော့ အချစ်က အဝတ်တွေဝတ်ပြီး ကုတင်ပေါ် ထိုင်နေသည်။ အချစ်ရဲ့ မျက်မှောင်တွေက အလိုမကျ သလိုခပ်ကုပ်ကုပ်။

"မင်း....ဘယ်သွားနေတာလဲ"

ရေချိုးခန်းထဲက ထွက်လာလာချင်း အခန်းထဲဝေ့ဝိုက်ရှာပေမယ့် မတွေ့တာမို့ စိတ်တွေကအလိုမကျဖြစ်နေရတာမို့ အသံက ဘောက်ဆတ်ဆတ်ဖြစ်သွားရသည်။မိန်းမလှလေးတွေများလွန်းလှတဲ့ အမ်စတာဒမ်မှာ မြို့ကြီးသားကို သူ့မျက်စိအောက်က အပျောက်မခံနိုင်တာ ရိပေါ် အမှားတော့မဟုတ်။ဘယ်လိုနေနေကြည့်ကောင်းနေသည့် ရှောင်ကျန့်အမှားသာ။

"မောင်ကအချစ်အတွက် နွားနို့နဲ့ ကွတ်ကီးလေးတွေ သွားယူတာပါအချစ်ရဲ့"

"လာပို့ခိုင်းလို့မရဘူးလား"

"မောင်ကိုယ်တိုင်အချစ်အတွက် သွားယူပေးချင်လို့"

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now