Part-25

5.1K 585 19
                                    

အပိုင်း - ၂၅

" မေမေချို... ရောင်လေး... အဲ... သက်တန့်က မလာသေးဘူးလား "

ညပွဲစပြီးလို့ တစ်နာရီကျော်သည်အထိ သက်တန့်တစ်ယောက် ရောက်မလာသေး၍ မုန်တိုင်း အပေါက်ဘက် လည်တဆန့်ဆန့် ဖြစ်နေရသည် ။

သူ သက်တန့်ကို ပွဲ စ တည်းက မျှော်နေမိတာ ။
အမှန်အတိုင်းဝန်ခံရလျှင် အထဲမှာက လူကြီးတွေချည်းဆိုတော့ မုန်တိုင်း အတော်လေး အနေရခက်သည် ။

ရောင်လေးသာ အနားမှာရှိရင်တော့
ထိုအနေရခက်မှုတွေ ပျောက်ကောင်းပျောက်နိုင်ပါရဲ့ ။

" သား ရောင်လေးက ဘာဖြစ်နေတယ်မသိဘူး... ဖုန်းလည်း မကိုင်ဘူး... "

မေမေချိုက 'သား ရောင်လေး ' ဟု သုံးလိုက်၍ မုန်တိုင်း ရင်ဘတ်ထဲ နွေးထွေးသော လှိုင်းငယ်လေးများ ဖြတ်ပြေးသွားသလို ခံစားလိုက်ရသည် ။
မုန်တိုင်း နှုတ်ကနေ ထိုနာမည်လေးကို ခဏ ခဏ ယောင်ပြီး ထွက်နေမိတော့ မေမေချို သတိထားမိနေတာ ဆန်းတော့မဆန်း ။

* Ring Ring

စကားပြောနေရင်း ဖုန်းဝင်လာတော့ မေမေချိုက ဖုန်း screen ကိုကြည့်ကာ နှုတ်ခမ်းလေးမဲ့လိုက်ပြီး

" အမလေး ကိုယ်တော်ချော... ရှင် ဖုန်းတော့ ပြန်ဆက်ဖော်ရသေးတယ်နော်... မလာသေးဘူးလား ဒီမှာ ပွဲတောင် ပြီးတော့မယ်... "

...

" အမလေးဟဲ့ ထင်တော့ ထင်တယ် တစ်ခုခု ဖြစ်နေပြီဆိုတာ... ဝတ်စုံက မေမေအိမ်ကိုပို့ခိုင်းလိုက်တယ်နော် ညနေက... အဲ့တာ အဆင်ရောပြေလား "

....

" အေးအေး ပြီးရော... မြန်မြန်လာခဲ့ "

...

မေမေချို စကားပြောနေပုံအရ သက်တန့်ဆီက ဖုန်းဆိုတာ သေချာနေ၍ ဖုန်းချပြီးပြီးချင်း မုန်တိုင်း မေမေချို့ကို ကြည့်လိုက်တော့ မေမေချိုက သက်ပြင်းချလျက်

" မပြောချင်ဘူး သားရေ... သား သူငယ်ချင်း ဆံပင်ဆေးသွားဆိုးတာ ဆိုင်က အလှမွေးခွေးလေးကို တက်နင်းမိလို့ ဆိုင်ရှင်က ဝန်ဆောင်မှု မပေးနိုင်ဘူးဆိုပြီး ပြဿနာဖြစ်နေတာတဲ့ "

PhilophobiaWhere stories live. Discover now