Part-46

4.4K 454 6
                                    

အပိုင်း - ၄၆

မေမေငယ့် ကျေးဇူးကြောင့် သက်တန့်  မုန်တိုင်းဇာတိဆီ အလည်လိုက်
ခွင့်ရခဲ့သည် ။ ဖေဖေငယ်တို့က ကားယူသွားရန် အကြံပြုသော်လည်း မုန်တိုင်းသည် ရထားနှင့် သွားချင်သည်ဆို၍ နှစ်ယောက်သား အထုပ်ကိုယ်စီဆွဲကာ ဘူတာဆီ ထွက်လာခဲ့ကြသည် ။

ဘဝမှာ ပထမဆုံးသော သွားဖူးသော ရထားလမ်းခရီး ၊ သွားရတာကလည်း ချစ်သူနှင့် နှစ်ယောက်တည်းဆိုတော့ သက်တန့် ရင်တွေ တဒိန်းဒိန်းခုန်ကာ စိတ်လှုပ်ရှားနေမိ၏ ။

" ရောင်လေး အထုပ်ကို ခြေထောက်အောက် မထားနဲ့လေ ဒီပေါ်မှာတင်ရမှာ...  ပေး..   ကိုယ် တင်ပေးမယ် "

သက်တန့်က ရထားတစ်ခါမှ မစီးဖူးတာကြောင့် အဝတ်အိတ်ကို ခြေထောက်အောက် ဗြဲလရမ်း ချထား၍ မုန်တိုင်းကပဲ ကောက်ကက် သိမ်းကာ အထုပ်တင်သော တန်းလျားပေါ်တင်ပေးသည် ။

ရထားပေါ်တွင် ခရီးသည်များ ပျားပန်းခတ် သွားလာနေကြ၏။ လူသွားလမ်းက ကျဉ်း၍ အချို့ခရီးသည်များ မုန်တိုင်းကို တွန်းတိုက်တိုးကျိတ်သွားကြသည်ကြည့်ပြီး သက်တန့်  နှာခေါင်း ရှုံမိသည် ။

ကိုယ်ပိုင်ကားလေးနှင့် ကြော့ကြော့ကလေး သွားလို့ရနေတာကို မုန်တိုင်းက ဘာလို့ ဒီလို ကျဉ်းကြပ်ပြီး သက်သောင့်သက်သာ မရှိသော ခရီးစဉ်မျိုးကို ရွေးသလဲဆိုတာ သက်တန့် စဉ်းစားမရ ။

" ရောင်လေး...  ဒီဘက်မှာ ထိုင်ပါလား...  အဲ့ဘက်က အန္တရာယ်များတယ် "

ပြတင်းပေါက်ဘက် ထိုင်နေသော သက်တန့်ကို မုန်တိုင်းက စိတ်မချဖြစ်နေပုံပင် ။

" ဒီမှာပဲ ထိုင်ချင်တာ..  လေ , ရတယ် ဒီက "

သက်တန့်က ပြောရင်း ခေါင်းကို ပြတင်း ပေါက်ဘက် ထုတ်လိုက်တော့ မုန်တိုင်းက ပြာပြာသလဲနှင့်

" ခေါင်းကို အဲ့လို မထုတ်ရဘူး ရောင်လေး...  "

မုန်တိုင်းက မထုတ်နဲ့ဆို၍ သက်တန့် ခေါင်းကို အသာလေး ပြန်စောင်းကာ အထဲပြန် ဝင်နေလိုက်သည် ။ ပြီးနောက် လက်တစ်ဖက်ကို ဆန့်ကာ ပြတင်းပေါက်ပေါ် တင်လိုက်ပြန်တော့

PhilophobiaWhere stories live. Discover now