Baekhyun Chenကိုဖုန်းတွေဆက်ပြီးလာခဲ့ဖို့ခေါ်နေပေမဲ့ အသံသွင်းနေတဲ့Chenကမလာအားတဲ့အကြောင်းပြောတော့ အရင်ကဆိုChenကိုဂဂျီဂကြောင်းကျနိုင်ပေမဲ့ အခုတွင်တော့Baekhyunအသာတကြည်ပဲ ဖုန်းကိုချပေးလိုက်သည်။
ကျန်နေတဲ့Sehunနဲ့Taoဆီကို လှမ်းဆက်သွယ်ချင်နေပေမဲ့လည်း စိတ်လျှော့ထားလိုက်သည်။

"Chennieကတော့ ငါ့ကိုထူးဆန်းတယ်လို့ထင်သွားမှာပဲ"

📱Chennieငါအခုအသည်းကွဲနေတယ်ထင်တယ်..
ရင်ထဲကတော်တော်လေးနာကျင်နေတယ်

Baekhyun Chenဆီ Voice massageပို့လိုက်‌ပြီး စိတ်မပါစွာလျှောက်သွားနေလိုက်သည်။

📱Chennieလူတွေကအသည်းကွဲရင်ဘာလုပ်တတ်ကြလဲ

📱Chennie ငါငိုချင်နေတယ်

ထပ်ပြီးVoice massageပို့ပြီးအခါ ဖုန်းကအလိုလိုပိတ်ကျသွားတော့သည်။

"ချီးပဲ!! ဘက်ထရီကကုန်သွားသေးတယ်"

ဆေးရုံကထွက်လာကတည်းကလမ်းလျှောက်လာခဲ့ပြီး အခုမှပတ်ဝန်းကျင်ကိုသတိထားမိတဲ့အခါ သွားနေတာကChanyeolရဲ့တိုက်ခန်းဆီကိုဖြစ်နေသည်။
Baekhyunကားငှားစီးဖို့လည်းအစီအစဉ်ကရှိမနေဘဲ Chanyeolတိုက်ခန်းဆီမရောက်ခင်ဆိုင်တစ်ခုခုမှာဝင်ထိုင်နေလိုက်သည်။

နာရီတွေတဖြည်းဖြည်းကုန်ဆုံးလာပြီး ဆိုင်ကကောင်လေးရဲ့ ဆိုင်ပိတ်တော့မယ်အစ်ကိုဆိုတဲ့ စကားကြားမှ Baekhyunနာရီကိုကြည့်မိတော့ 8:30နေပြီ။
ကျသင့်တဲ့ပိုက်ဆံကိုပေးချေပြီး အားနာစွာတောင်းပန်စကားဆိုကာ ဆိုင်ကထထွက်သွားတာနဲ့ ကောင်လေးရဲ့ဆိုင်ပိတ်နေပုံကို စိတ်ဝင်စားစရာကောင်းနေသလို ပိတ်လို့မပြီးမချင်းဆိုင်ရှေ့ကရပ်ကြည့်နေမိသည်။

"ဟူး... ရာသီဥတုကချမ်းလာပြီ"

Baekhyunဘယ်မှသွားချင်စိတ်မရှိတာကြောင့် လက်ကိုပိုက်ကာ ခြေထောက်တွေဆီငုံ့ကြည့်လိုက်ပြီး မြေပြင်ကိုခြေထိပ်နဲ့ထိုးနေလိုက်သည်။

"ParkChanyeolက ငါ့ကိုလာခေါ်ရင်ကောင်းမယ်"

အအေးဓာတ်ကြောင့် နေ့လယ်ကပစ်လဲခံထားရတဲ့အရှိန်နဲ့ပွန်းပဲ့ဒဏ်ရာရခဲ့တဲ့ခြေထောက်တွေက တဆစ်ဆစ်..
တစ်ညနေလုံးချစ်သူ‌အတွက်နဲ့နာကျင်ခဲ့ရသည်ကသူမဟုတ်တဲ့အတိုင်း Chanyeolကိုပဲမျှော်နေမိတဲ့Baekhyunဟာ တခြားသူတွေသာသိရင်ရယ်စရာကောင်းနေလိမ့်မည်။

HE'S ✓Where stories live. Discover now