CHAPTER - 24 (Unicode)

Start from the beginning
                                    

" ချစ်တော့ ချစ်တယ်လေ။ ဒါပေမယ့် Jungkookလည်း ကိုကို့ကို တစ်ခါလောက်နိုင်ဖူးချင်တာပေါ့လို့ "

" သြော် Jungkookလေးရယ် ကိုကိုလည်း အကျင့်ပါနေတော့ လျှော့ပြီးတိုက်ခိုက်ဖို့ ဘယ်လွယ်ပါ့မလဲ။ အခြားနေရာတွေမှာ ကိုယ်မင်းကို အလျှော့ပေးတယ်လေကွာ။ အခြား သင်တန်းသားတွေကို အားနာပါဦး "

" အင်းပါ Jungkookလေးလည်း နိုင်ဖူးချင်လို့ပြောတာ။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ပုံမှန်အချိန်တွေဆို ကိုကိုကJungkookလေးကို အများကြီးအလျှော့ပေးထားတာပဲ "

ဟန်ဆောင်းလည်း Jungkookကိုချော့ပြီးသည့်နောက် နှစ်ယောက်တစ်တွဲ ဓားရေးလေ့ကျင့်နေသည့် သင်တန်းသားတွေကို ရပ်ဖို့အော်ပြောလိုက်သည်။

" အားလုံးပဲ နှစ်ယောက်တွဲလေ့ကျင့်တာ ဒီလောက်ဆိုရပါပြီ။ အခု နောက်ထပ်ဓားရေးတစ်ကွက် ထပ်သင်ကြရအောင် "

ဟန်ဆောင်းစကားကြောင့် သင်တန်းသားအားလုံး လေ့ကျင့်တာရပ်လိုက်ကြသော်လည်း ဟန်ဆွန်းယောင်းနှင့်ဂျွန်းဂျယ်ကတော့ သည်းကြီးမဲကြီးဆက်လေ့ကျင့်နေကြသည်။ ဟန်ဆောင်းလည်း အကြောင်းအရင်းကိုမသိသဖြင့် သူတို့နှစ်ယောက်နားသွားကာ အကျိုးအကြောင်းမေးလိုက်သည်။

" ဟန်ဆွန်းယောင်းနဲ့ဂျွန်းဂျယ် လေ့ကျင့်တာဒီလောက်ဆိုတော်ပြီ။ ရပ်လိုက်ကြတော့လေ "

" ဟင့်အင်း စလေ့ကျင့်ကတည်းက အခုထိ အနိုင်အရှုံးမပေါ်သေးဘူး။ အဲဒါကြောင့် အနှိုင်အရှုံးပေါ်တဲ့အထိ ကျွန်မတို့ယှဥ်ပြိုင်တိုက်ခိုက်ကြမယ် "

" ကျွန်တော်လည်း အတူတူပဲဟန်ဆောင်း။ မိန်းကလေးတစ်ယောက်ကိုရှုံးရင် ရှက်စရာကြီး။ မနိုင်နိုင်အောင်ကြိုးစားမယ် "

ဟန်ဆွန်းယောင်းနှင့်ဂျွန်းဂျယ်လည်း ဟန်ဆောင်းစကားကို နားမထောင်ဘဲ ဆက်ပြီးယှဥ်ပြိုင်တိုက်ခိုက်နေကြသည်။ အခြားသူတွေလည်း စိတ်ဝင်တစားနဲ့ ဟန်ဆွန်းယောင်းတို့နား ဝိုင်းအုံလာသည်။ သို့သော် သူတို့နှစ်ယောက်ကတော့ ရပ်တန့်မည့်ပုံမရ။ အချိန်ကြာလာတော့ သူတို့နှစ်ယောက်လုံး ပင်ပန်းနွမ်းနယ်လာကြသည်။ သစ်သားဓားကိုပင် အနိုင်နိုင်ကိုင်နေရပြီဖြစ်သော်လည်း တိုက်ခိုက်တာမရပ်ကြသေးသဖြင့် အားလုံးဝိုင်းတားနေရလေပြီ။

Daechwita : Unexpectedly Falling You (Taekook/Completed)Where stories live. Discover now