CHAPTER - 9 (Unicode)

2.9K 379 25
                                    

CHAPTER - 9

ဟန်ဆောင်းတို့အိမ်ပြန်ရောက်ချိန်မှာတော့ မိုးအနည်းငယ်စဲနေလေပြီ။ သူတို့ကိုယ်ပေါ်က အဝတ်တွေရွှဲရွှဲစိုနေသဖြင့် နှစ်ယောက်စလုံး ချမ်းတုန်နေကြသည်။

" အစ်ကိုဟန်ဆောင်း အပြင်မှာ ခဏနေပေးနော်။ ကျွန်တော် အခန်းထဲအရင်ဝင်ပြီး အဝတ်အစားလဲလိုက်ဦးမယ်။ ပြီးမှ အစ်ကို့အတွက် လဲစရာယူလာပေးမယ်"

" အေးပါ Jungkookလေးရာ။ မင်းမလည်း ရှက်တတ်လိုက်တာလွန်ရော။ အဝတ်အစားလဲတာတောင် တစ်လှည့်စီလဲရတယ်လို့ ။ မြန်မြန်လဲနော် ငါလည်း အအေးပတ်တော့မယ်"

Jungkookခေါင်းလေးညိမ့်ပြရင်း သူ့အခန်းထဲမှာ အဝတ်အစားသွားလဲလိုက်သည်။ အဝတ်အစားလဲပြီးသည့်နောက်တော့ ဟန်ဆောင်းအတွက် အဝတ်အစားတစ်စုံယူပြီး ပြန်ထွက်လာခဲ့သည်။

" အစ်ကို ဟန်ဆောင်း ရော့။ အဝတ်အစား မြန်မြန်လေးလဲလိုက်နော်။ ကျွန်တော်အခန်းထဲမှာ သွားနားလိုက်ဦးမယ်။ လိုတာ ရှိရင်လှမ်းခေါ်လိုက် "

" အေးပါ Jungkook ရာ။ ငါ့အတွက် ဘာမှမလိုပါဘူးကွ။ မိုးမိထားတာဆိုတော့ မင်းလည်းချမ်းနေရောပေါ့။ မင်းအခန်းထဲမှာ ခဏကွေးနေလိုက်။ အခုမှ နေ့လည်ပဲရှိသေးတာ။ ဘာမှလည်းလုပ်စရာမရှိတော့ အေးဆေးပေါ့ "

" ဟုတ်ကဲ့ ဒါဆို ကျွန်တော်အခန်းထဲ သွားပြီနော် "

Jungkookအခန်းထဲ ဝင်သွားပြီးသည့်နောက်တွင် ဟန်ဆောင်းလည်း ရေစိုနေသည့်အဝတ်အစားတွေကို ချွတ်ပစ်ပြီး ခန္ဓာကိုယ်ကရေတွေကို တဘက်ဖြင့်ခြောက်အောင်သုတ်လိုက်သည်။ ဘောင်းဘီဝတ်ပြီး အင်္ကျီဝတ်ဖို့ လက်လှမ်းလိုက်ချိန်တွင် အခန်းထဲမှ Jungkookခေါ်သံကို ကြားလိုက်ရသည်။

" အစ်ကို ဟန်ဆောင်းရေ ကျွန်တော့်ဆီ ခဏလာပါဦး။ အကူအညီလိုလို့ "

" သြော် အေးအေး။ လာပြီ Jungkookလေး "

ဟန်ဆောင်းလည်း Jungkookခေါ်သံကြောင့် အပေါ်ရုံအင်္ကျီကို ကြမ်းပြင်ပေါ်ပစ်ချပြီး အပေါ်ပိုင်းဗလာဖြင့် Jungkookအခန်းဆီသွားလိုက်သည်။ ဖြန့်ကြည့်ပြီး ပစ်ထားခဲ့သော အင်္ကျီကကြမ်းပြင်ပေါ်မှာ အပုံလိုက်လေးကျန်ခဲ့သည်။ အပေါ်ပိုင်းဗလာဖြင့် အခန်းထဲဝင်လာသည့် ဟန်ဆောင်းကြောင့် ရှက်စိတ်ဖြင့် Jungkook မျက်နှာလေးရဲတက်သွားသည်။

Daechwita : Unexpectedly Falling You (Taekook/Completed)Where stories live. Discover now