ထိုအချိန်​အတွင်းမိမိအားကူညီ​ပေးကာသားတစ်​​ယောက်​လိုဂရုစိုက်​​သောလူတစ်​ဦး​တော့ရှိ​ပေသည်​........။

Uncle Pol....

Uncle Polသည်​မိမိ၏တစ်​ဦးတည်းယုံကြည်​ရ​သောသူ.....။
တစ်​ခြားလူမဟုတ်​​ပေ........မိမိ၏အိမ်​​တော်​ထိန်းသာ.....။

သို့​သော်​လည်းမိမိ၏​ဆွေမျိုးအရင်းကဲ့သို့ပင်​...​ဆွေမျိုး​တော်​သူများကပစ်​ထား​သော်​လည်းUncleက​တော့အမြဲအရိပ်​တကြည့်​ကြည့်​ပင်​.....အရင်​က​ဆွေမျိုးတို့အားမယုံရန်​​ပြောခဲ့​သော်​လည်း​မေတ္တာဝယငတ်​​နေသူအဖို့နားမဝင်​ခဲ့​ပေ......။

ယခုတွင်​​တော့မိမိယုံကြည်​ရ​သောတစ်​ဦးတည်း​သောသူ......။

သုံးနှစ်​အတွင်းတိုးတက်​လာ​သောမိမိကယခုချိန်​တွင်​​တော့....
မည်​သူကမှမယှဉ်​ပြိုင်​နိုင်​​သော......Billionaire တစ်​ဦးအဖြစ်​​ရောက်​ရှိခဲ့ရသည်​.......။

မိမိ၏​မွေး​နေ့ပွဲ၍၌​နောရာအသီးသီးကသူ​ဠေးများရှယ်​ယာရှင်​များရှိ​နေ​လေသည်​....။

မွေး​နေ့ဆိုသည်​ထက်​....မိမိတို့၏အကျိုးစီးပွားအတွက်​...လာ​ရောက်​ကြသူများဖြစ်​သည်​.....သို့​သော်​လည်းယခုအချိန်​မိမိအတွက်​​တော့......စိတ်​ဝင်​စားစရာပင်​မရှိ.......။

*****************************************

မွေး​နေ့ပွဲပြီးချိန်​အိမ်​သို့ပြန်​လာလိုက်​သည်​.......တစ်​ခြားသူများ​ရှေ့၌ဟန်​​ဆောင်​ပြ​နေရသည်​မှာပင်​ပန်းလှသည်​....။

မွေး​နေ့ပွဲကို​တော့အတုအ​ယောင်​လူများအားမိမိအိမ်​ထဲသို့​မ​ခေါ်ချင်​၍မိမိပိုင်​​သောHotelတစ်​ခုတွင်​သာကျင်းပလိုက်​သည်​...........။

အိမ်​သို့​ရောက်​သည့်​အချိန်​အဆင်​သင့်​​စောင့်​​နေ​သောUncle Pol

" ပြန်​လာပြီလား...Rio.."

" ဟုတ်​ကဲ့.....ကျွန်​​တော်​အိပ်​ချင်​ပြီ...အတုအ​​ယောင်​​တွေကြားထဲမှာ...ငြီး​ငွေ့တယ်​..ဟက်​.."

" လူတိုင်းကမတူကြပါဘူးကွယ်​......အန်​ကယ်​လ်​..အရင်​ကလဲ​ပြောဖူးပါတယ်​....ကိုယ်​ကစိတ်​ဆင်းရဲ​စေရင်​ကိုယ့်​ထက်​စိတ်​ဆင်းရဲသူ​တွေကို​တွေးပါလို့.."

Devil System(U+Z)Where stories live. Discover now