ယောကခေါင်းလေးငြိမ့်ပြီး ပြုံးပြုံးလေးပြန်ဖြေလိုက်ပေမယ့် ဆတ်သာကတော့ မျက်မှောင်ကြုတ်ကြည့်ပြီး ဆူလိုက်၏။

"Headလို့မခေါ်ပါနဲ့ဆို။ နောက်ထပ်ရက်နည်းနည်းကြာရင်ပဲ ကိုယ်က MDရာထူးတိုးတော့မှာ ။အဲ့ခါကျရင်ရော MDပဲလား။နာမည်ပဲခေါ်ပါဆို"

ယော မျက်လုံးလေးပေလကပ်ပေကလပ်လုပ်ရင်း ပြန်မေးလိုက်၏။

"ခွန်ဆတ်သာလား"

ဆတ်သာကတော့ မနိုင်စိန်ယောကို မျက်ခုံးတစ်ချက်ပင့်တင့်ပြပြီး နှဖူးကို မနာအောင် တစ်ချက်တောက်ချလိုက်သည်။

"ရင့်လှချည်လား ပိစိရ။ ကိုယ်က ပိစိထက် သုံးနှစ်၊ လေးလနဲ့ ဆယ့်ခြောက်ရက် တိတိကြီးများတောင် ကြီးပါတယ်နော်"

"အွန်း...အဲ့တာဆို ဆတ်လို့ပဲခေါ်တော့မယ်။အူကြူးဆတ်လေး ပေပီဆတ်လေး"

ချစ်ဖို့ကောင်းအောင်ပြောနေတဲ့ယောကို ဆတ်သာဆွဲပြီး
ဖစ်ညှစ်ထားချင်လာတဲ့စိတ်ကို ထိန်းမရတော့ပဲ တင်းနေအောင် ဆွဲဖက်ထားလိုက်သည်။

"အား ဒီပိစိကို အရိုးကျိုးသွားအောင်ကို တင်းတင်းလေး ဖက်ထားမယ်ကွာ"

သုံးမိနစ်လောက်ကြာမှ ပြန်လွှတ်ပေးပြီး ယောရဲ့နှဖူးလေးကို
မွှေးမွှေးပေးလိုက်ပါသော ခွန်ဆတ်သာ။

"အလုပ်ပြန်လုပ်ရဦးမယ် ​ဒေါ်ကြီးခွန်ဆတ်သာရေ"

ဆတ်သာdevil smileပြုံးပြီး ပြောလိုက်၏။

"မပြန်ခင် မွှေးမွှေးပေးသွားပါဦး မွချိ မွချိလေ"

ယောတစ်ယောက် နှုတ်ခမ်းကိုစူထော်ထားတဲ့ ဆတ်သာကိုကြည့်ပြီး အကျယ်ကြီးအော်ရယ်မိသွားသည်။

"ဟုတ်ပြီ ဟုတ်ပြီ"

ဆတ်သာရဲ့ စူထော်ကောက်ချိတ်နှုတ်ခမ်းလေးကို ယော
ဖွဖွလေး တစ်ချက်နမ်းလိုက်ပေမယ့် ဆတ်သာကတော့ အနမ်းအရှည်ကြီးကို ဖန်တီးလိုက်သည်။ ယောရဲ့အောက်နှုတ်ခမ်းလေးကို အားပါပါလေး တစ်ချက်ကိုက်လိုက်ပြီး ဆတ်သာရဲ့ လျှာဖျားလေးက အတွင်းပိုင်းထဲကိုပါ ကျူးကျော်ဝင်ရောက်လာ၏။လက်ကလည်း ယောရဲ့ကျောပြင်ကို သိမ်းပိုက်ထားပြီး အချိန်အတန်ကြာတဲ့အထိကို အလွတ်မပေးပဲ အနမ်းတွေက တဖြေးဖြေးနင့်နဲလာသည်။

Non Romantic System(Completed)Where stories live. Discover now