"ဟဲ့...ဂျီမင်ရေ စကားကိုဘယ်လိုတွေပြောနေတာလဲ မာမီက
အကြောင်းရှိဘို့ ဒီလိုစကားပြောတာပေါ့"

နာရယ့်ကိုအကဲပိုနေလွန်းတဲ့မာမီ့ကြောင့် ဂျီမင်လည်းဆက်
ပြောမယ့်စကားတွေကိုသာနားစွင့်နေလိုက်သည်။

"မာမီ့အသိတစ်ယောက်ဆုံးသွားလို့ သဘက်ခါကျရင်ကနေဒါ
ပြန်တော့မှာ အဲ့တာကြောင့်မသွားခင်လေး ဒီလိုခေါ်တွေ့ရ
တာပေါ့"

"ဗျာ!!"

နွေခေါင်ခေါင်မိုးကြိုးပစ်သလိုတုန်လှုပ်သွားသူကတော့ ဂျီမင်
ပင်ဖြစ်သည်။မာမီ့ကိုအကြောင်းပြပြီး နာရယ်နဲ့ဆက်ဆံရေးကိုရှေ့တိုးဖို့လုပ်နေမိတာ။

ချက်ချင်းပြန်မယ်ဆိုတဲ့အကြောင်းကိုကြားတော့ နာရယ်ကလည်းသူ့ဘက်ကိုလှည့်ကြည့်လို့လာသည်။သူမ မျက်ဝန်းတွေထဲ
မှာဖျက်ခနဲလှမ်းတွေ့လိုက်ရတာက ဝမ်းနည်းခြင်းများလား။

မာမီပြန်သွားတဲ့အတွက်ဝမ်းနည်းတာလား ဒါမှမဟုတ် သူတို့
ရဲ့ရပ်တန့်ပစ်လိုက်ရမဲ့ဆက်ဆံရေးအတွက်လား...

--------------------

"ထပ်လာလည်ဦးနော် သားလွမ်းနေမှာ"

၂လဆိုတဲ့အချိန်ကာလကဘယ်လိုကုန်ဆုံးသွားလဲဆိုတာမသိပေမယ့် မာမီပြန်သွားတော့မယ်ဆိုတော့မူကြိုပို့ပြီးပြန်သွား
တဲ့ကလေးကအမေပြန်လာခေါ်ဖို့ဖြစ်နေတဲ့ခံစားချက်လိုမျိုးဖြစ်လို့လာတော့သည်။

ဘယ်လောက်ပဲတစ်ယောက်ပဲနေနိုင်ပါတယ်ပြောပြော အမေ
ရှိတဲ့အရပ်ကကိုယ့်အတွက်ပိုပြီးအေးချမ်းစေတယ်လို့ခံစားရ
တယ်။တစ်ဆက်တည်း ဘေးမှာတရှုံ့ရှုံ့ဖြစ်နေပြီးမျက်လုံးတွေရဲနေတဲ့ကောင်မလေးကိုလည်းသူ့အနားကိုဆွဲဖက်လိုက်သည်။

"အာအီးဂူး...ကလေးတွေ မာမီ့ကိုမလွမ်းလွမ်း​အောင်လုပ်နေ
ကြတယ် လာခဲ့ဒီကို.."

ဖွင့်ထားပေးတဲ့ရင်ခွင်ထဲကိုနှစ်ယောက်လုံးတိုးဝင်လာတော့ မာမီကကျောပြင်တွေကိုခပ်ဖွဖွပုတ်ပေးရင်းချော့မြူလို့လာ
သည်။

"နာရယ်လေးလည်းသတိရရင် ဂျီမင်နဲ့အတူလာလည်ခဲ့ချည်"

"ဟုတ်...ကျန်းမာဂရုစိုက်ပါနော် ဒီအတောအတွင်းသမီးကို
အများကြီးဂရုစိုက်ပေးလို့ကျေးဇူးတင်ပါတယ် အင့်..ဟင့်"

RIVALS [Completed]Tempat cerita menjadi hidup. Temukan sekarang