"ငါ့ကိုထားမသွားပါနဲ့Chanyeol.. ငါမင်းကိုအရမ်းချစ်တယ်"

"ငါ့ကြောင့်မင်းအစ်ကိုတွေထိခိုက်သွားတာမျိုးရှိရင် ငါ့ကိုဘယ်လိုလုပ်မှာလဲ"

"ဟမ်.."

ဖက်ထားတာကိုဖယ်ပြီး ကြည့်လာတဲ့Baekhyunအကြည့်ကငြိုးငယ်စွာနဲ့ Chanyeolဆိုလိုတာကိုသ‌ဘောပေါက်ပြီး လက်ခံရအခက်.. ငြင်းရအခက်ဖြစ်နေသည်။

"မင်းကငါ့အစ်ကိုတွေကို ရိုက်ပစ်မလို့လား"

"ငါ့နှလုံးသားကိုမထိသရွေ့ အားလုံးကအေးဆေးပါပဲ"

Baekhyunရယ်လိုက်ကာ Chanyeolမေးကိုနမ်းလိုက်သည်။

"ငါ့ကို ကိုကိုတို့ကနာကျင်အောင်မလုပ်ပါဘူး
ငါလည်းကိုကိုတို့တွေနာကျင်မှာကိုမဖြစ်စေချင်ဘူး.. ပြီးတော့မင်းနဲ့လည်းမခွဲနိုင်ဘူး
ငါကမင်းနှလုံးသားလေးမလား
ဒါဆို မင်းကမင်းနှလုံးသားလေးကို နာကျင်မှုတွေဆီကနေ ကာကွယ်ပေးမှာပေါ့ ဟုတ်လား..
Chanyeolက ငါတို့ရဲ့ဆက်ဆံရေးကိုကာကွယ်ပေးမှာပေါ့နော်"

"အရမ်းစကားများတယ်"

"ငါ.. ငါစိတ်တွေအရမ်းလှုပ်ရှားနေလို့ပါ"

Chanyeol Baekhyunကိုဖက်ထားလိုက်ကာ ကျောပြင်လေးကိုသပ်ချပေးနေလိုက်သည်။

အောင်မြင်ဖို့မလွယ်ဘူးဆိုရင်တောင် အဆုံးထိကြိုးစားကြည့်မယ်..
လူတစ်ယောက်က နှလုံးသားမရှိဘဲ အသက်မရှင်နိုင်ဘူးမလား
သူအသက်ရှင်ဖို့အတွက် သူ့နှလုံးသားကို လုံးဝအထိခိုက်ခံလို့မဖြစ်ဘူးလေ

ငါဆက်ပြီးအသက်ရှင်ဖို့လိုတယ် Baekhyun..

"ငါတို့သွားကြတော့မလား"

"Chanyeol... ကိုကိုတို့ကိုဒဏ်ရာကြီးကြီးကျယ်ကျယ်ရအောင်မလုပ်ပါနဲ့နော်"

ရင်ဘတ်ကအင်္ကျီကိုဆုပ်ထားကာ ခါရမ်းပြီးတောင်းဆိုနေတဲ့ အဆိုးလေးကိုကြည့်ရင်း Chanyeolသဘောကျမိသည်။

"ပြီးတော့ ငါ မင်းနဲ့ဆက်ဆံရေးကို နည်းနည်းလေးမှပျက်စီးခံမှာမဟုတ်ဘူး"

Chanyeol Baekhyunလက်ကိုတစ်ဖက်ကဆုပ်ကိုင်ကာ ကားကိုဆက်မောင်းသွားသည်။

HE'S ✓Donde viven las historias. Descúbrelo ahora