"Towelရှိတယ်မလား....အချစ်ရဲ့"

"ငါလိုချင်လို့....လာပေး...."

Towelပိုင်းနဲ့ သူ့ရှေ့ထွက်မလာရဲပုံ ပေါ်တဲ့အ
ချစ်ကို စချင်လွန်းလို့ ရေချိုးခန်းတံခါးကို ဝုန်းခနဲဆွဲဖွင့်ပြီး အချစ်ကိုယ်သေးသေးလေးကို စွေ့ခနဲပွေ့ပြီး သူက ကုတင်ပေါ် ပစ်တင်ပစ်လိုက်သည်။

"အင့်...မင်းဘာလုပ်တာလဲ...ငါ့ဆံပင်တွေရေစိုနေတယ်လေ"

ကုတင်ပေါ် ပစ်တင်ခြင်းခံလိုက်ရတဲ့ခန္ဓာကိုယ်က အင့်ခနဲဖြစ်သွားရသည်။နူးညံ့နေပေမယ့် အရှိန်နဲ့မို့ ကျောရိုးအောင့်သွားပေမယ့် သူ့ပေါ် အုပ်မိုးလာတဲ့ မြို့ကြီးသားကြောင့် ရိပေါ်အတင်းကုန်းထသည်။မြေခွေးလေးရဲ့အစာတော့ အဖြစ်မခံနိုင်ဘူး။

"မောင်က...ဘာလုပ်လို့လဲ.."

ပြုံးစစနှင့်ကောင်လေးက ဘာမှမလုပ်ဘူးလို့စကားဆိုပေမယ့် သူ့နှုတ်ခမ်းတွေကတော့ ထိုကောင်လေးရဲ့ နှုတ်ခမ်းလွှာတွေကြားမှာမလူးသာမလွန့်သာ။အဝတ်မပါတဲ့ အပေါ်ပိုင်းကို ကောင်လေးလက်တွေက ပွတ်သပ်နေတာမို့ ရိပေါ်က အရှက်ပိုရသည်။သူ့နှုတ်ခမ်းကိုနမ်းတာလည်းမဟုတ်ဘဲ ထိလိုက်ခွာလိုက်လုပ်နေတာမို့ အူယားလှသည်။

"လာ...မောင် ခေါင်းသုတ်ပေးမယ်"

အချစ်ရဲ့အဝတ်လွတ်နေတဲ့ခန္ဓာကိုယ်ပေါ် ရေစက်တွေကျလာတော့မှ ရှောင်ကျန့်ကအသိဝင်သည်။သူ့ရင်ဘတ်ကို တွန်းထားတဲ့ အချစ်ရဲ့လက်တွေကို ချုပ်ကိုင်လိုက်ပြီး လက်ဖမိုးကို မချင့်မရဲနမ်းလို့ အချစ်ရဲ့ရေစိုနေတဲ့ဆံပင်တွေကို ခြောက်အောင်လုပ်​ပေးဖို့ ပြင်ရသည်။

"ငါ လမ်းလျှောက်ချင်တယ်"

အချစ်ရဲ့ဆံပင်စိုတွေကိုမွေးပွတဘက်နုနုလေးနဲ့ခေါင်းကိုသုတ်ပေးနေတဲ့သူကရေစက်လက်နဲ့အချစ်ကိုကြည့်ရင်း မဦးလိုက်ရတဲ့မဂ်လာညအကြောင်းစဥ်းစားနေတဲ့သူကအချစ်ရဲ့စကားကြောင့် ငိုချင်သွားရသည်။

"အင်း....မောင်အဝတ်တွေထုတ်ပေးထားတယ်"

"ရှောင်ကျန့်... ငါနောက်ရက်ကျ Anne Frankအိမ်သွားကြည့်ချင်တယ်"

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now