"Towelရှိတယ်မလား....အချစ်ရဲ့"

"ငါလိုချင်လို့....လာပေး...."

Towelပိုင်းနဲ့ သူ့ရှေ့ထွက်မလာရဲပုံ ပေါ်တဲ့အ
ချစ်ကို စချင်လွန်းလို့ ရေချိုးခန်းတံခါးကို ဝုန်းခနဲဆွဲဖွင့်ပြီး အချစ်ကိုယ်သေးသေးလေးကို စွေ့ခနဲပွေ့ပြီး သူက ကုတင်ပေါ် ပစ်တင်ပစ်လိုက်တယ်။

"အင့်...မင်းဘာလုပ်တာလဲ...ငါ့ဆံပင်တွေရေစိုနေတယ်လေ"

ကုတင်ပေါ် ပစ်တင်ခြင်းခံလိုက်ရတဲ့ခန္ဓာကိုယ်က အင့်ခနဲဖြစ်သွားရသည်။နူးညံ့နေပေမယ့် အရှိန်နဲ့မို့ ကျောရိုးအောင့်သွားပေမယ့် သူ့ပေါ် အုပ်မိုးလာတဲ့ မြို့ကြီးသားကြောင့် ရိပေါ်အတင်းကုန်းထရတယ်။မြေခွေးလေးရဲ့အစာတော့ အဖြစ်မခံနိုင်ဘူး။

"မောင်က...ဘာလုပ်လို့လဲ.."

ပြုံးစစနှင့်ကောင်လေးက ဘာမှမလုပ်ဘူးလို့စကားဆိုပေမယ့် သူ့နှုတ်ခမ်းတွေကတော့ ထိုကောင်လေးရဲ့ နှုတ်ခမ်းလွှာတွေကြားမှာမလူးသာမလွန့်သာ။အဝတ်မပါတဲ့ အပေါ်ပိုင်းကို ကောင်လေးလက်တွေက ပွတ်သပ်နေတာမို့ ရိပေါ်က အရှက်ပိုရတယ်။သူ့နှုတ်ခမ်းကိုနမ်းတာလည်းမဟုတ်ဘဲ ထိလိုက်ခွာလိုက်လုပ်နေတာမို့ အူယားလှသည်။

"လာ...မောင် ခေါင်းသုတ်ပေးမယ်"

အချစ်ရဲ့အဝတ်လွတ်နေတဲ့ခန္ဓာကိုယ်ပေါ် ရေစက်တွေကျလာတော့မှ ရှောင်ကျန့်ကအသိဝင်သည်။သူ့ရင်ဘတ်ကို တွန်းထားတဲ့ အချစ်ရဲ့လက်တွေကို ချုပ်ကိုင်လိုက်ပြီး လက်ဖမိုးကို မချင့်မရဲနမ်းလို့ အချစ်ရဲ့ရေစိုနေတဲ့ဆံပင်တွေကို ခြောက်အောင်လုပ်​ပေးဖို့ ပြင်ရတယ်။

"ငါ လမ်းလျှောက်ချင်တယ်"

အချစ်ရဲ့ဆံပင်စိုတွေကိုမွေးပွတဘက်နုနုလေးနဲ့ခေါင်းကိုသုတ်ပေးနေတဲ့သူကရေစက်လက်နဲ့အချစ်ကိုကြည့်ရင်း မဦးလိုက်ရတဲ့မဂ်လာညအကြောင်းစဉ်းစားနေတဲ့သူကအချစ်ရဲ့စကားကြောင့် ငိုချင်သွားရတယ်။

"အင်း....မောင်အဝတ်တွေထုတ်ပေးထားတယ်"

"ရှောင်ကျန့်... ငါနောက်ရက်ကျ Anne Frankအိမ်သွားကြည့်ချင်တယ်"

သူရေသုတ်ပေးတာကို ငြိမ်ခံပြီး နှုတ်ခမ်းတထော်ထော်နဲ့သွားချင်တဲ့နေရာတွေကို တန်းစီပြောနေတဲ့အချစ်ကို ရှောင်ကျန့်အရဲစွန့်ပြီး ကုတင်ပေါ် တင်ထားတဲ့ အဖြူရောင်Shirtလေးကို ခေါင်းကစွပ်ချပြီး ဝတ်ပေးလိုက်တယ်။မဝတ်ပေးရင် သူကတစ်ခုခုလုပ်မိတော့မှာ။
သူအတင်းလုပ်ရင်အချစ်မရုန်းနိုင်မှန်းသိပေမယ့် အမ်စတာဒမ်ရဲ့ရာသီဥတုအေးအေးလေးမှာ လမ်းလျှောက်ချင်တဲ့ အချစ်ရဲ့ ဆန္ဒတွေကို သူ့ကြောင့် မပျက်ပြားစေချင်ဘူး။

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now