Adamဆို​သော​ကောင်​​လေးအ​ကြောင်းကိုကြားဖူးပါသည်​...
မိမိ၏​မွေးစားမိဘများသည်​မိမိကိုထိုအ​ကြောင်း​ပြောပြ​လေ့ရှိကြသည်​..​ပြောပြချိန်​မှာ​တော့မည်​သည့်​အ​ကြောင်းအရင်း​ကြောင့်​​ပြောပြသည်​မသိ​သော်​လည်း....အိပ်​ရာဝင်​​ပုံပြင်​အ​နေနဲ့သာနား​ထောင်​ခဲ့ဖူး​သောအ​ကြောင်းအရာတစ်​ခု၏ပိုင်​ရှင်​ကမိမိတဲ့လား...။

မိမိ၏အ​တွေးတို့ကိုတစ်​ခန်းရပ်​​စေသူမှာRoyan..ထိုလူ၏နှုတ်​ခမ်းမှထွက်​​ပေါ်လာ​သောစကား​ကြောင့်​အ​တွေးကိုရပ်​ကာနား​ထောင်​​နေလိုက်​သည်​။

" အခုခင်​ဗျားတို့သိချင်​တာလဲသိရပြီ...ကျုပ်​လဲအပြစ်​မရှိတာသိ​နေ​လောက်​​ရော​ပေါ့...ပြီး​တော့လူစုံတုန်းတစ်​ခါတည်း​ကြေငြာချင်​တာက..အခုဒီတိုင်းပြည်​ရဲ့မူလပိုင်​ရှင်​​ပေါ်လာပြီးဖြစ်​တဲ့အတွက်​ကျုပ်​ဒီတာဝန်​​တွေကရပ်​နားမယ်​သူ့ကိုအရိုက်​အရာပြန်​​ပေးလိုက်​ပါ..."

ပြောလဲ​ပြောထွက်​လဲထွက်​သွား​သောRoyan​ကြောင့်​အားလုံးမျက်​စိမျက်​နှာပျက်​ဖြစ်​သွားကြသည်​...။

သို့​သော်​လည်းမိမိအားပြန်​ကြည့်​ကာ...

" အခုအရင်​​ခေါင်း​ဆောင်​ရဲ့သားကပြန်​လာပြီဆို​တော့ အရိုက်​အရာကိုလွှဲ​ပြောင်းဖို့မနက်​ဖြန်​ပြင်​ဆင်​ကြပါ"

o==[]::::::::::::::::>o==[]::::::::::::::::>o==[]::::::::::

" ကိုကို...Sayyက. Adamဆိုတာ​သေချာလားဟင်​.."

ညီမ​လေး၏စိုးရိမ်​တကြီး​မေးသံ​ကြောင့်​ပြုံးလိုက်​ကာ...

" ဟုတ်​တယ်​ညီ​မ​လေးရဲ့...ကိုကိုကအရင်​Adamစ​ပျောက်​ကတည်းကသူ့အ​ကြောင်းအကုန်​စုံးစမ်းပြီး​နေ​​နေတာပါ...ဒါ​ပေမဲ့အ​ကြောင်းကမ​ပေး​တော့ကိုကိုမ​ပြောခင်
Orchatကသိသွားပြီးအခုလို​တွေဖြစ်​ကုန်​တာ......"

" ဒါဆို Orchatကိုအပြစ်​မ​ပေးကြဘူးလား.."

မိမိမည်​သို့​ပြောပြရမည်​နည်း....မူလပိုင်​ရှင်​၏အသိနဲ့ဆိုသူသည်​​မှော်​နက်​​လောကနဲ့ပူး​ပေါင်းပြီး​မိမိတို့တိုင်းပြည်​ကိုဒက္ခ​ပေးမဲ့လူဆိုတာသိပြီးဖြစ်​​သော်​လည်းအခုချိန်​ထုတ်​​ပြောလိုင်​လျှင်​အားလုံး​သေကြလိမ့်​မည်​...။

Devil System(U+Z)Where stories live. Discover now