"မားကလည်း....အဲ့လိုတော့ မလုပ်ပါနဲ့....သူကအသက်ငယ်ငယ်လေးရှိသေးတာလေ...မားကလည်း..ပြီးတော့ သူနဲ့သားက...လက်ထပ်စာချုပ်မှာတောင်....သားတို့ကလေ....ဟို...လက်မှတ်..."

အားလုံးရဲ့အကြည့်တွေက ရိပေါ်ဆီရောက်နေကြပြီး သူ့ရဲ့စကားကို စောင့်မျှော်နေကြဟန်မို့ ရိပေါ် တံတွေးတစ်ချက် မြိုချရသည်။
မားရဲ့ အကြည့်စူးစူးအောက်မှာသူ့ရဲ့ ခန္ဓာကိုယ်ကလည်း ကျုံသည်ပိုကျုံ့ထားရသည်။မားကို ကြောက်တယ်။

"အချစ်နဲ့ ကျွန်တော်က လက်မှတ်ထိုးပြီးသွားပြီ...ပြီးတော့ အချစ်က ကလေးမဟုတ်ဘူး...အသက်ပြည့်ပြီးသား.... အန်တီ သဘောမတူလည်း အချစ်ကို ကျွန်တော်က ပြန်ခေါ်သွားရုံပဲ....ဘယ်တော့မှ ဒီကို ပြန်မလွှတ်တော့ဘူး"

ဝမ်သူကြီးကတော်ရဲ့အကြည့်တွေအောက်မှာ ကြောက်ပြီး စကားတွေပျောက်ရှနေတဲ့အချစ်ကို ဘယ်လိုမှဆက်မကြည့်နိုင်တော့ဘဲ ရှောင်ကျန့်ဝင်ပါရတော့သည်။ ဝမ်သူကြီးကတော်ဘေးမှာ ကုပ်ကုပ်ကလေးထိုင်နေတဲ့ အချစ်ရဲ့ လက်တစ်ဖက်ကို ဆွဲကိုင်လိုက်ပြီး ဝမ်အိမ်ကနေ အချစ်ကို ခေါ်သွားဖို့ ရှောင်ကျန့် ခြေလှမ်းပြင်သည်။

"ရိပေါ်....ပြန်ထိုင်"

မားရဲ့စကားအဆုံးမှာ ရိပေါ်က ရပ်ရမလို ထိုင်ရမလို အနေအထားကြီးမှာ ကုန်းကုန်းကွကွကြီး။လက်တစ်ဖက်ကလည်း မြို့ကြီးသားရဲ့လက်ထဲမှာမို့ လေထဲမှာ တန်းလန်းကြီး။

"အချစ်က မောင့်ယောကျာ်း....အချစ် မောင်တို့ လက်ထပ်စာချုပ်က တရားဝင်တယ်နော်...အချစ်မားကမောင်နဲ့သဘောမတူဘူးနော်....မောင်နဲ့အတူ အချစ်လိုက်ရမယ်...
ပေ ကျင်းပြန်ရအောင်နော်"

တစ်ကယ်သူမြို့ကြီးသားရဲ့မခွဲနိုင်ဘူး။သုံးရက်လေးမတွေ့ရတာတောင် ရိပေါ်က မြို့ကြီးသားကို သေမလိုလွမ်းခဲ့ရတာ။

"အင်း...အင်း..."

"ဝမ်ရိပေါ်....ပြန်ထိုင်စမ်း"

မြို့ကြီးသားရဲ့လက်ကို ပြန်ဆုပ်ကိုင်ပြီး ထမလို့ ပြင်နေတဲ့ ရိပေါ်က မားရဲ့စကားသံစူးစူးအောက်မှာ ငိုမဲ့မဲ့နဲ့ ထိုင်ချရတယ်။တစ်ကယ်ပဲမားက သူနဲ့ မြို့ကြီးသားကို ခွဲတော့မှာလား။

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now