Chapter 226 - Teng Zi Xin (U)

Start from the beginning
                                    

ယူရှောင်မော့ ဆွံ့အသွားတယ် ... ပါရမီရှင်တွေက တစ်ယောက်ထက်တစ်ယေက် ပိုပြီးအစွမ်းထက်ကြတယ် ... အစတုန်းကတော့ ဒီပါရမီရှင်တွေရဲ့အဆင့်က အဆင့်လေးလောက်ပဲရှိလိမ့်မယ်လို့ သူတွေးထားခဲ့ပေမယ့် ဒါပေမယ့် သူဘယ်သိနိုင်မလဲ အဆင့်ငါးမှော်ဆရာတစ်ယောက်လည်း ရောပြီးပါနေမယ်လို့ ... အသက်ကလည်းနှစ်ဆယ်တောင်မကျော်သေးဘူး ... သူ့ရဲ့စိတ်မချမ်းမြေ့ဖွယ်ရာ အတွေးရှည်ကြီး ဆက်မတွေးနိုင်ခင်မှာပဲ သူ့နောက်ကျောက အေးစက်စက်အကြည့်ကို ခံစားရတယ် ... သူလှည့်ကြည့်လိုက်တော့ နောက်ဆုံးဝင်လာတဲ့လူငယ်ပဲ ...

အဲဒါက ချိုင်ကျွင်းကလွဲပြီး ဘယ်သူမှ မရှိဘူး မနေ့က ပြသနာဖြစ်စေတဲ့တစ်ယောက် ... သူ့ရဲ့စူးစမ်းတဲ့အကြည့်ကိုမြင်တော့ ချိုင်ကျွင်းရဲ့ရန်လိုနေတဲ့မျက်နှာက အန္တရာယ်အပြုံးကိုပြောင်းသွားပြီး လည်ပင်းကို လက်နဲ့ဖြတ်တဲ့ လက်ဟန်အမူအယာပါ လိုက်လာတယ် ...

လင်းရှောင်မနေ့က ချိုးပစ်ခဲ့တဲ့ သူ့ရဲ့ညာလက်က အပြည့်အဝကောင်းသွားတာကို ယူရှောင်မော့ သတိပြုမိတယ် ... ချက်ကျလက်ကျ နည်းနည်းတွေးလိုက်ရင် ယန်မြို့မှာ မျိုးနွယ်အိမ်တော်ကြီးတစ်ခုဖြစ်တဲ့ ချိုင်မိသားစုအနေနဲ့ အင်အားကြီးမှော်ဆရာတွေ ဘယ်လောက်တောင်ရှိလိမ့်မလဲဆိုတာ သိနိုင်တယ် ... လက်ဒဏ်ရာကို ကုသဖို့ ဆေးလုံးသာလိုတယ် ရိုးရိုးလေးပါပဲ ... သူ ချိုင်ကျွင်းကို လျစ်လျူရှုလိုက်ပြီး သူ့အပြုအမူူကို မျက်နှာလွှဲလိုက်တယ် ...

ကောင်းရန်က လူငယ်ကို အထင်အရှားပဲ သတိပြုမိပြီး မျက်နှာသုန်မှုန်လျက်ပြောတယ် "မင်း ချိုင်ကျွင်းကိုတော့ တွေ့ဖူးပြီးသားပဲ ... သူ့မှာ ပါရမီသိပ်မရှိဘူး ... ဒါပေမယ့် သူ့အမွှာအစ်ကို ချိုင်ကျန့်ကတော့ သောက်ရှင်းအကယ်ဒမီမှာ အဆင့်ငါးကျောင်းသား ... သူတို့နှစ်ယောက်လုံးက "မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး"ဆိုတဲ့ လူမျိုးတွေ အရမ်းပြင်းပြင်းထန်ထန် ပြုမူတယ် ... မင်းသူတို့နဲ့တွေ့ရင် သေချာဂရုစိုက်ရမယ်"

ယူရှောင်မော့ ခေါင်းငြိမ့်လိုက်တယ် "ကောင်းပြီ ... ကောင်းသကော(ကောင်းအစ်ကိုကြီး) ကို ကျေးဇူးတင်ပါတယ်"

You've reached the end of published parts.

⏰ Last updated: Oct 05, 2020 ⏰

Add this story to your Library to get notified about new parts!

The Legendary Master's Wife (Zawgyi & Unicode)Where stories live. Discover now