"Yrr!!"
ကိုယ့်အသံနဲ့တစ်ပြိုင်တည်းထွက်လာတဲ့ ကောင်လေးပါဆို
တဲ့စကားကြောင့် အရှေ့မှာအဖေရှိနေတာကိုမေ့ပြီးဆောင့်
အော်လိုက်မိတော့သည်။"ဘာလို့အဲ့လောက်အော်နေတာလဲ ဆုန်းနာရယ်!!"
"အာပါ...အဲ့ဒါအဲ့လိုမဟုတ်ဘူး...ရှုပ်ကုန်ပြီ တကယ်ပါပဲ"
အမြင်ကတ်ကတ်နဲ့မျက်စောင်းထိုးပြီးကြည့်ပေးလိုက်တော့
သူမှားသွားလို့လားဆိုတဲ့မျက်နှာပေးနဲ့ပြန်ကြည့်လို့လာတော့
သည်။"Aish...တကယ်ပါပဲ လျှောက်ပြောနေတယ်!!"
"ကျနော် သူ့ကိုခေါ်သွားချင်လို့ပါ အဲ့ဒါ..."
အာပါးကိုခွင့်တောင်းသလိုပြောတော့ အာပါးကလည်းကိုယ့်
ဘက်ကိုလှည့်လာပြီးပုခုံးတွန့်ပြလို့လာတော့သည်။"ခဏလေး...အဝတ်လဲပြီးရင်ထွက်လာခဲ့မယ်"
~~~~~~~~
"အပြင်သွားမယ်ပြောပြီး ဘာလို့ရှင့်အိမ်ခေါ်လာတာလဲ??"
"ပီဇာကျွေးချင်လို့.."
"ဘာရယ်?"
အိမ်ရှေ့မှာကားစက်သတ်ပြီးတာနဲ့ အဆက်အစပ်မရှိတဲ့စကားကိုပြောပြီးအရင်ဆင်းသွားတာကြောင့် ကားထဲမှာကြောင်
တောင်တောင်နဲ့ကျန်ခဲ့တော့သည်။ပီဇာကျွေးချင်လို့အိမ်အထိတကူးတကခေါ်လာတယ်လို့ပြော
သွားတာလား??"ဒီမှာထိုင်နေ...စားဖို့ယူလာခဲ့မယ်"
ဧည့်ခန်းထဲမှာထိုင်နေဖို့ပြောပြီး နာရယ့်ဆီမသွားခင်ကြိုဝယ်
ထားခဲ့တာတွေကို သေချာပြင်ဆင်လိုက်သည်။ဒီရက်ပိုင်းမှာ
မာမီကလည်း သူ့သူငယ်ချင်းတွေနဲ့ခရီးသွားတာမို့ မျက်နှာ
လေးတွေချြင်လွန်းလို့ခေါ်ချင်ရင်တောင် ခေါင်းပေါက်ထွက်မတတ်စဉ်းစားရသည်။ဒီနေ့လည်းအိမ်ကိုပါသွားခေါ်ဖို့အထိဖြစ်လာတာမို့ အကယ်၍
များလူကြီးရှိနေရင်ဆိုတဲ့စိတ်နဲ့ အသီးခြင်းလေးဝယ်သွားတာ
မှန်သွားသည်။တစ်ဆက်တည်းကောင်လေးပါဆိုပြီးအပိုင်ပြောလိုက်တာမို့ အကျပ်ရိုက်သွားတဲ့နာရယ့်ပုံစံတကယ့်ကိုချစ်စရာကောင်းနေ
သည်။တကယ့်ကိုဘယ်လိုလေးမှန်းမသိဘူး။