The Pitfall 29

Beginne am Anfang
                                    

တကယ်လို့သာ သူနဲ့လမ်းခွဲရလို့ ရှောင်းကျန့်ကျေနပ်မယ်ဆို ရိပေါ်လဲ ကျေနပ်ပါတယ်။

အရေးအကြီးဆုံးက ရှောင်းကျန့်ပျော်နေဖို့ပါပဲ။

Recommend song: It’s ok if you forget me, Astrid S

~~ Patience is a thing that I learned from you

That some things can't feel wrong even though they're true

Went through all the hard times together

Kept me calm when I'd lose my temper

I'm just really grateful that I had you

From everything to nothing at all, Every day to never at all

And everyone says that I should be sad, Is it normal that -

I don't feel sorry for myself, care if your hands touch somebody else

Wouldn't get jealous if you're happy, It's OK if you forget me

I don't feel empty now that you're gone, Does that mean it didn't mean nothing at all?

And I'll tell you what the worst is, It's the way it doesn't hurt when I wish it did~~

“တင်းတောင် တင်းတောင်”

အိမ်ရှေ့မှဘဲလ်သံကြောင့် ရိပေါ်စိတ်ထဲ လှုပ်ရှားလို့ရလာတယ်။ ဟောက်ရွှမ်းကို စိတ်ညစ်နေလို့ သူ့ကိုလာမတွေ့ဖို့ မှာထားတာမို့ ဟောက်ရွှမ်းလာတာလုံးဝမဖြစ်နိုင်ပါ။ တခြားဧည့်သည်ဆိုတာလဲ ရိပေါ်ဆီ လာစရာအကြောင်းမရှိ။

ဒါဆို ရှောင်းကျန့်များလား။

အတွေးတို့အဆုံးမသတ်ခင် အပြေးအလွှားနဲ့ အိမ်တံခါးဆီ အပြေးသွားကာ တံခါးဖွင့်လိုက်တော့ လာတွေ့သူက ရိပေါ် မျှော်လင့်ထားသူမဟုတ်ခဲ့။

“ရိပေါ် … ဖုန်းဆက်တာလဲ ဖုန်းပိတ်ထားတယ်။ တစ်ရက်ကနေ နှစ်ရက်၊သုံးရက်ထိ ပိတ်ထားလို့ ငါမအားတဲ့ကြားကလိုက်လာတာ နေမကောင်းဘူးလား”

အိမ်ကိုရောက်လာသူက ရိပေါ်ရဲ့ဦးလေးဖြစ်သူ ဟိုက်ခွမ်းပင်။

“ကောင်းပါတယ် ဦးလေး ကျွန်တော်စိတ်ညစ်စရာနည်းနည်းရှိလို့”

“တစ်အိမ်လုံးလဲ အရက်နံ့က ထောင်းထောင်းထလို့ပါလား ရိပေါ်။ မင်းကိုယ်ကတောင် အနံ့တွေရနေသလိုပဲ ရေရောချိုးရဲ့လား”

အိမ်ထဲဝင်တယ်ဆိုရင်ပဲ ဦးလေးရဲ့ဆူပူသံကို ရိပေါ်ခံရတော့သည်။ ဒီရက်တွေထဲမှာ ရေလဲမချိုး အစားလဲမစားပဲ တစ်ယောက်တည်းသောက်စားနေခဲ့တာမို့ အိမ်က တစ်စက်ကလေးမှ နေချင်စဖွယ်ဖြစ်မနေပါ။

∆ The Pitfall ∆ (Completed)Wo Geschichten leben. Entdecke jetzt