" အင်းအဲ့ကလေးမရဲ့ဝိဉာဉ်ကပန်းချီမှာပဲ ''

" ဘာလို့လဲ ဖာသာ ''
ကျိုးချန်ကနားမလည်လို့ထမေးလိုက်တယ် ။

" ဒီပန်းချီကသူရဲ့ပုံတူပန်းချီပြီးတော့ ဒီပန်းချီကားမှာ စွန်းထင်းနေတဲ့သွေးတွေနဲ့အတူ သူ့ရဲ့အာဃတတွေ ကပ်ငြိနေတယ် အဲ့ဒါကြောင့်သူ့ရဲ့မှီခိုနေတဲ့ နေရာကပန်းချီကားပဲ ''

" နှိမ်နင်းပေးပါ သူ့ကိုအမြန်နှိမ်နင်းပေးပါသူ့ကြောင့် သူ့ဘက်ကနေကာကွယ်ပေးမိလို့ရိပေါ်ကိုဆုံးရူံးရပြီးပြီ သူ့ကိုသာနှိမ်နင်းလိုက်ရင်သူ့ကိုသာဖျက်စီးလိုက်ရင် ရိပေါ်အသက်ပြန်ရှင်လာမှာ ''
ရှောင်ကျန့်ကမျက်ရည်တွေသွင်သွင်ကျကာ အံကြိတ်ပြီးတော့ပြောတယ် ။

" ဟင် သားသေသွားတဲ့သူက... ''

"ဟင့်အင်းဖာသာမပြောပါနဲ့ ကျွန်တော်ရိပေါ်ကိုယုံတယ် သူကကျွန်တော်တယောက်တည်းဆိုစိတ်ချတဲ့သူမဟုတ်ဘူး သူ..သူ ပြန်လာမှာအမြန်သာဖျက်စီးလိုက်ပါတော့ ''

" ဟင်း ကောင်းပြီ ''
ဖာသာကသူ့ရဲ့လက်ဆွဲသေတ္တာထဲကနောက်ထပ် လက်ဝါးကပ်တိုင်တစ်ခုနဲ့ပရိတ်ရေပုလင်းတစ်ခုကို ထုတ်လိုက်တယ် ။

" ကောင်းကင်ဘုံ ကောင်းကင်သခင် ဘုရားသခင်ကိုခစားပါတယ်
ကောင်းချီးပေးသောတမန်တော်တို့ ပညာရှိသောတမန်တော်တို့အတူတူရှိနေပါတယ်
ကျွန်တော်မျိုးကိုစောင်မတော်မူပါ (သန့်စင်ပေးပါ)
လူသားတို့ရဲ့အဖဘုရားသခင်
မင်းကိုဘုရားသခင်ရဲ့နာမတော်သန့်ရှင်းသော ဝိဉာဉ်တော်နဲ့အမိန့်ပေးနေတယ် ယေရူရဲ့လက်ဝါးကပ်တိုင်တော်ကို မင်းကြောက်နေရမယ်
ဘုရားသခင် အာမင် ''

ဖာသာကရေရွတ်ပြီးတာနဲ့ပရိတ်ရေတော်ကို ပန်းချီကားပေါ်လောင်းချလိုက်တယ် ။

~~~~~~~ မလုပ်နဲ့ ~~~~~~~

အသံနက်ကြီးတစ်သံကတစ်အိမ်လုံးအနှံပေါ်ထွက်လာတာကြောင့်အားလုံးလဲတုန်လှုပ်သွားတယ် ။

" မင်းကဒီပန်းချီကားကိုစွဲလမ်းပြီးနေတယ်ပေါ့ ဟုတ်ပြီ ''
အဲ့ချိန်မှာဂါဝန်အနီအရှည်ပေါင်လယ်ခွဲကိုဝတ်ထားတဲ့ မင်အာကပေါ်လာတယ် အရမ်းကိုဒေါသထွက်နေပြီး ပန်းချီကားနဲ့ဖာသာကိုစိုက်ကြည့်နေတယ် ။

Mysterious Love ( Completed ) Where stories live. Discover now