အချစ်စစ်(အပိုင်း၁၀)

Start from the beginning
                                    

(အင်ပြော)

"ဟို..မေမေ့အိမ်သွားလည်ချင်လို့...ခွင့်ပြုပေးပါနော်..."
(ကျစ် ...ဘာလုပ်ဖို့လဲ..ဘာလဲမင်းကငါကမင်းကိုနှိပ်စက်နေတယ်ဆိုပြီး.. မကျေနပ်လို့မင်းအမေကိုပြောမယ်ပေါ့)
"မဟုတ်ပါဘူး.. အကိုရယ်.....အဲ့လိုမဟုတ်ပါဘူး..အကိုကမနှိပ်စက်ပါဘူး...ကျနော့်အပြစ်တွေပါအားလုံးက.....ကျနော်မေမေ့ကိုမတွေ့တာလည်းကြာပြီမို့လွမ်းလို့ပါ...မေမေလည်းတစ်ယောက်တည်းမို့....ခွင့်ပြုပါနော်....အကို"

(အင်...ပြီးရောသွား..ဒါမဲ့နေမဝင်ခင်အိမ်မှာရှိနေတာပဲမြင်ချင်တယ်နားလည်တယ်မလား)
"ဟုတ်..အကိုကျေးဇူးတင်ပါတယ်ခွင့်ပြုပေးလို့"
(ငါအလုပ်များနေတယ်...ဒါပဲ)

ရှောင်ကျန့်လည်းမေမေ့ဆီသွားရမည်မို့ပျော်နေမိသည်... သူမေမေ့ကိုလွမ်းပါသည်....အမြန်ပဲအကိုစိတ်မပြောင်းခင်...ခြံစောင့်ဦးလေးကိုလိုက်ပို့ခိုင်းလိုက်သည်..လမ်းတွင်ဟင်းချက်ရန်လိုအပ်တဲ့ဟင်းသီးဟင်းရွက်အသားငါတွေပါဝယ်သွားရင်း...

မေမေ့အိမ်ရောက်တော့...ရင်ထဲနွေးထွေးသွားသလိုပင်...အမှန်ပင်မိဘသည်အနွေးထွေးဆုံး...

"မေမေရေ..မေမေ..သားလာတယ်..."
"ဟင်သခင်လေး...ပြန်လာပြီ...အမလေးပိန်ကျသွားလိုက်တာရှင်....သခင်မကြီးကလည်းလွမ်းနေတာ..ကျွန်မအမြန်သွားခေါ်လိုက်မယ်"

ဆိုကာအိမ်ထိန်းတော်ကျီးကျီးကကြိုဆိုကာပျော်သည်
သူဒီအငွေ့အသက်လေးတွေနှင့်ဝေးကွာခဲ့ရတာကြာပြီပဲလေ.....

ဧည့်ခန်းမှာစောင့်နေရင်းအပေါ်ထပ်ကမေမေကဆင်းလာကာလှေကားထစ်ကပင်
"အမလေး..သားရယ်မေမေလွမ်းလိုက်ရတာ...လာပါအုန်းမေမေ့ဆီ"

ရှောင်ကျန့်လည်းမေမေဆီသွားကာမေမေကိုဖက်လိုက်သည်...

"မေမေသားကိုလွမ်းနေတာသားလေးအဆင်မှပြေပါရဲ့လားဆိုပြီး..ဆေးတွေရောပုံမှန်သောက်ရဲ့လား..ထမင်းကောမှန်မှန်စားလား....ဟင်သား"

မေမေကသူ့မျက်နှာလေးကိုကိုင်ကာမေးနေသည်ကိုတွေ့၍သူမျက်ရည်များဝဲလာကာ
အလှဆုံးအပြုံးလေးနှင့်
"မေမေရယ်​ြေဖ​ြေဖမေးပါအုန်း...သားဆေးလည်းသောက်ပါတယ်..သားရောမေမေ့ကိုလွမ်းနေတာ..ဟီး..ပြီးတော့သားအဆင်ပြေပါတယ်..မေမေရဲ့"
"ဟုတ်ရဲ့လားပိန်ကျသွားလိုက်တာကွယ်..."
"ပြီးတော့လေသားဒီနေ့လာတာကမေမေ့ဆီလည်းလာရင်း..ကိုကို့အတွက်ပါကိုကိုကြိုက်တဲ့ဟင်းချက်ကျွေးချင်လို့မေမေသင်ပေးပါအုန်း ...."

အချစ်စစ်(Yizhan version)Where stories live. Discover now