Chanyeol ပြုတ်ကျတဲ့အသီးတွေကိုပြန်ကောက်တဲ့အခါ Baekhyunလည်းလိုက်ကောက်ပြီး သခွားသီးတွေကိုတော့မထိချင်တာကြောင့် စိတ်ရှုပ်နေတဲ့မျက်နှာက Chanyeolကိုသခွားသီးတွေအကုန်ကောက်စေလိုက်သည်။

"ငါသခွားသီးကိုနည်းနည်းမှမကြိုက်ဘူး"

"ဒါဆိုဘာလို့ ယူလာသေးလဲ"

"အဒေါ်ကြီးကပေးနေတာကို ငြင်းလို့ကောင်းပါ့မလား"

Chanyeolဘာမှမပြောဘဲ လျှောက်ထွက်သွားတော့ Baekhyunနောက်ကလိုက်သွားသည်။

စီနီယာ ဂျူနီယာတွေနဲ့ကားအတူတူစီးရတဲ့အခါ မိန်းကလေးအများစုက ဒေါက်တာParkChanyeolနားမှာ တချို့ကရင်းနှီးချင်လို့.. တချို့ကသဘောကျလို့ စတဲ့အကြောင်းအမျိုးမျိုးနဲ့ ထိုင်ချင်နေကြတာကြောင့် Chanyeolအလာစောင့်နေကြသည်ကို JunMyeonကရယ်ပြီးကြည့်နေသည်။

"Hyung "

Chanyeolက JunMyeonကိုခေါ်ပြီး လက်ထဲကအသီးတွေပေးလိုက်ကာ JunMyeonဘေးနေရာလွတ်မှာဝင်ထိုင်လိုက်သည်။

Baekhyun Chanyeolကိုတစ်ချက်ကြည့်လိုက်ပြီး လွတ်နေတဲ့နောက်ကနေရာတွေဆီလျှောက်သွားမယ်လုပ်တော့ JunMyeonကဆွဲထားသည်။

"Baekhyunက ဘယ်ကိုသွားမလို့လဲ"

"ကျွန်တော်အနောက်မှာသွားထိုင်မလို့ JunMyeon Hyung"

"လာ.. ဒီမှာထိုင်လိုက် Hyungအနောက်သွားမလို့"

"Chanyeol-Oppa"

Baekhyun JunMyeonထပေးတဲ့နေရာမှာဝင်ထိုင်မယ်အလုပ် Chanyeolကိုခေါ်လာတဲ့မိန်းကလေးအသံကြောင့် လှည့်ကြည့်မိတဲ့အခါ ဝတ်ပုံစားပုံးကတကယ်ကိုလိုတာထက်ပေါ်လွင်နေပြီး Baekhyunလုံးဝမျက်စိထဲသဘောမကျဖြစ်ကာ Chanyeolဘေးမှာဝင်ထိုင်လိုက်သည်။

"Oppa Oppa Vierဘယ်မှာထိုင်ရမလဲဟင်"

"လာတုန်းကဘာနဲ့လာလဲ အဲ့တာနဲ့ပဲပြန်လေ ဘာလို့ဒီကားပေါ်လာနေတာလဲ"

"Oppa.. ဒီတစ်ယောက်နဲ့ဘာလို့တူတူထိုင်ရတာလဲ.. သူကအရမ်းရိုင်းတာကို.. အခုလည်းကြည့်စကားပြောတာကိုက လေးစားမှုမရှိ"

"ဒီမှာမိန်းကလေး ကိုယ်ကမင်းထက်အသက်အများကြီး ကြီးတယ်.. ပြီးတော့ မင်းOppa..Oppaလုပ်နေတဲ့ Chanyeolနဲ့ကအသက်အတူတူပဲ.. ဘယ်သူကလေးစားမှုမရှိတာလဲ.. မိန်းကလေးတစ်ယောက်ဖြစ်ပြီး အခုလိုတွေမနေပါနဲ့လား တချို့ယောက်ျားလေးတွေကကြိုက်ပေမဲ့ တချို့ရဲ့မျက်လုံးထဲမှာ ဒါကတော်တော်ဆိုးတယ်.. ကိုယ်ကမင်းအတွက်ပြောတာပါ"

HE'S ✓Where stories live. Discover now