အချစ်စစ်(အပိုင်း၇)

Começar do início
                                    

ရှောင်ကျန့်အရဲစွန့်ကာရိပေါ်နဖူးလေးကိုကြင်နာစွာငုံ့နမ်းလိုက်သည်ပြီးတော့မှထရန်ပြင်လိုက်တော့ရိပေါ်နိုးလာပြီး

"ဒါကဘယ်လဲ"
"မ.. မနက်စာ.. ပြင်ပေးမလို့ပါ ..."
"မလိုဘူးပြန်အိပ်နေ"
"ရပါတယ်ကျနော်ပြင်လိုက်ပါမယ်သက်သာနေပြီပဲ"
"ဘာလဲဂရုစိုက်ပေးတာနဲ့မာန်တက်နေတာလား"

"မဟုတ်ရပါဘူး..ကျနော်အဲ့လိုမလုပ်ရဲပါဘူးအကိုရယ်..."
"အဲ့ဆိုပြန်အိပ်နေ...ဂရုစိုက်ပေးတာနဲ့ဟုတ်လှပြီမထင်နဲ့နေလည်းကောင်းနေပြီထင်တယ်ပြန်ပြောနေပုံအရ.... အတွန့်မတက်နဲ့...အဲ့မှာအေးဆေးအိပ်လိုက်တော့ငါမရိုက်ခင်"

"......"

နည်းနည်းဆူတာနဲ့ရှောင်ကျန့်ကိုယ်လေးတုန်တက်သွားသည်....မဆူလို့လည်းမရ...နေကောင်းတာမဟုတ်ပဲ...လုပ်ရင်ပိုဆိုးနေမှာကြောင့်သာ...
မနက်စာကိုရိပေါ်ကိုယ်တိုင်လုပ်ပြီး ယူလာသည်

"ထ..ဆန်ပြုတ်စားရမယ်"
ရှောင်ကျန့်ထလိုက်ပြီး
ရိပေါ်ကခွံ့ဖို့ပြင်တော့...

"ရပါတယ်ကိုယ့်ဘာသာစားပါ့မယ်"

ရိပေါ်စိတ်မရှည်တဲ့အသံနှင့်

"ကျစ်"

"လျှာမရှည်နဲ့ပါးစပ်ဟ"

ရှောင်ကျန့်ယှဉ်ပြီးပြောနေဖို့အားမရှိ၍ပါးစပ်ဟပေးပြီးငြိမ်ငြိမ်လေးသာစားနေလိုက်သည်....

"ဆေးတော့ကိုယ့်ဘာသာယူသောက်...ငါအလုပ်ရှိတယ်"
"ဟုတ်.."
ကိုကိုကျွေးသည်ကိုပထမဆုံးစားရသည်မို့လို့လားမသိအရမ်းစားကောင်းတာပဲကိုကို....လို့တော့စိတ်ထဲမှသာပြောမိသည်....

"ကလင်ကလင်"

စားပွဲပေါ်ကြည့်တော့ရှောင်ကျန့်ဖုန်းမြည်သံကြား၍contactကနာမည်ကိုကြည့်တော့က"ကျိုးချန်"

ရိပေါ်ကမျက်စောင်းထိုးကြည့်ပြီး

"ဟအားကိုးကအချိန်ကိုက်ပဲနော်"
ရိပေါ်ဖုန်းကိုယူဖို့လက်လှမ်းပေမယ့်မမှီလိုက်...

"အေ"
(ဘယ်သူလဲဘာလို့ရှောင်ကျန့်ဖုန်းကို​ဖြေတာလဲ)

"ငါ့ဘာငါဘာဖြစ်ဖြစ်မင်းနောက်ထပ်ဒီဖုန်းကိုခေါ်စရာအကြောင်းမရှိဘူး"

အချစ်စစ်(Yizhan version)Onde histórias criam vida. Descubra agora