"Ring....Ring...."

သူ အတွေးတွေကို ဘောင်းဘီအိတ်ထဲ ထိုးထားတဲ့ Phမြည်သံကလက်ရှိအခြေအနေကို ဆွဲခေါ်လာသည်။
ကြည့်လိုက်တော့.....ယွီပင်း။

"Hello ယွီပင်း"

"ဘော့စ် VIP က ဘော့စ်နဲ့ တွေ့ဖို့ပြောနေပါတယ် Dinnerသဘောပေမယ့် နောက်မှာ အလုပ်ကိစ္စပါဝင်နေပုံရပါတယ်"

"Ok,ငါ သိပ်မကြာခင် ပြန်လာခဲ့မယ်"

"ဘော့စ် တစ်ကယ် ပြောနေတာလား"

"အင်း..."

သူ့ကိုအကဲခတ်နေပုံရတဲ့ မျက်ဝန်းတွေကို မသိကျိုးနွံပြု ပြီး ရှောင်ကျန့်က မဲ့ပြုံးတစ်ချက် ပြုံးသည်။ခနတော့ သာယာလိုက်ကြပါအုံး။

"သွားလိုက်ပါဦးမယ်....Dr.Wang"

ကောင်လေးရဲ့ မဲ့ပြုံးကို မျက်နှာလွဲနေတဲ့ရိပေါ်က မမြင်လိုက်ပေမယ့် သူက မြင်လိုက်တာမို့ သက်ပြင်းသာချမိသည်။ရှောင်သခင်လေး ကcharacter နှစ်မျိုးရှိတာလို့ ပြောခဲ့တဲ့ သူနာပြု လေးရဲ့ စကားသံကလည်း တဝဲလည်လည်။

"ရိပေါ် သူ့ကို တစ်ခုခုလုပ်ချင်လား"

"ငါမလုပ်ချင်ဘူးချင်းဟန်....မလုပ်ချင်တာထက် ငါသူ့ကို နည်းနည်းလေးတောင်ထိခိုက်အောင်မလုပ်ရက်တာ....ဝမ်ရိပေါ်ဆိုတာ ဘယ်လိုမျိုးလဲ မင်းသိပါတယ်"

သိတာပေါ့ ရိပေါ်ရဲ့။ အနေအေးပေမယ့် စလာရင် မခံတတ်တဲ့သူ ၊တစ်ဖက်လူက လက်သီးရွယ်ရုံနဲ့ မင်းလက်သီးက အဲ့ဒီလူရဲ့ မျက်နှာပေါ် ကျပြီးသားဆိုတာ ငယ်သူငယ်ချင်း​​ဖြစ်တဲ့သူက မသိပဲနေပါ့မလား။

"ရိပေါ် သူက သန်းကြွယ်သူဋ္ဌေးတစ်ဦးရဲ့သားပဲ.... သူ့ပါးပါးရဲ့ Company က Top listဝင်တယ်....ပြီးတော့ သူက လိုချင်တာကိုမရရအောင်ယူတတ်တယ်"

"အင်း...သူ့နာမည်က ရှောင်ကျန့်ဆိုတာကလွဲပြီး ငါမသိဘူး ချင်းဟန်...သူလူဆိုးပဲဖြစ်ဖြစ်...လူကောင်းပဲဖြစ်ဖြစ်....ငါမသိချင်ဘူး...."

အလေးအနက်ပြောနေတဲ့ရိပေါ်ကြောင့် ချင်းဟန် ရင်တွေပူရပါသည်။ရိပေါ်က ဒီကောင်လေးအပေါ် အလေးအနက်တော်ရုံထားတာမဟုတ်မှန်း ခန့်မှန်းမိတာမို့ ချင်းဟန် ရင်တွေပူကာ ယောက်ယက်ခတ်ရပါသည်။

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now